Thursday, April 23, 2015

Basic Html (2)

                                               Lesson (2)                        
(2) HTML Paragraphs <p>

စာပိုဒ်  ခွဲတဲ့အခါ HTML Paragraphs ကိုသုံးမယ်။

The HTML <p> element defines a paragraph.

စာပိုဒ်ကို <p> နဲ့ </p> အကြားရေးမယ်။

Example
<p>This is a paragraph</p>
<p>This is another paragraph</p>

- ဒီနေရာမှာ စာပိုဒ်ဆိုတော့ စာတစ်ပိုဒ်မှာ ဝါကျ တစ်ကြောင်းထက်ပိုလာမယ်။
- ရိုးရိုးစာရိုက်ရင် Enter ခေါက်ပြီး အောက်ဖက် နောက်တစ်ကြောင်းကိုပြန်စတယ်။
 Code နဲ့ ဆိုရင် <br> ကိုသုံးမယ်။ Tag <br>မှာ End teg သုံးဖို့မလို။

ကဲ လက်တွေ့ကြည့်ရအောင်.....



အပေါ်က Code တွေကို Notepad ပေါ် Copy ယူပြီး ။ Save as လုပ်ပါ။
 Save as လုပ်နည်းကိုပြန်ပြောမယ်။
file name = prg.html (prg နေရာမှာကြိုက်တာရေး။ .html ကတော့ ပြောင်းလို့မရ)
Save as type = All Files
Encoding= Unicode  ကို ယူမယ်(မြန်မာစာလုံးပါနေ၍)
file ကိုsave ထားတဲ့နေရာမှာရှာပြီး Run ကြည့် ။

--ဒီလိုပေါ်ပါမယ်။
ပထမစာပိုဒ်က ဝါကျ (၄)ကြောင်းစလုံးဆက်နေသလို ဒုတိယစာပိုဒ်က ဝါကျ(၃)ကြောင်းလည်း တဆက်တည်းဖြစ်နေပါလိမ့်မယ်။

HTML is a markup language for describing web documents (web pages). HTML stands for Hyper Text Markup Language.A markup language is a set of markup tags.HTML documents are described by HTML tags.

- ဒီနေရာမှာ စာပိုဒ်ဆိုတော့ စာတစ်ပိုဒ်မှာ ဝါကျ တစ်ကြောင်းထက်ပိုလာမယ်။- ရိုးရိုးစာရိုက်ရင် Enter ခေါက်ပြီး အောက်ဖက် နောက်တစ်ကြောင်းကိုပြန်စတယ်။Code နဲ့ ဆိုရင် <br> ကိုသုံးမယ်။ Tag <br>မှာ End teg သုံးဖို့မလို။

ကိုယ်လိုချင်တာက ဝါကကျတစ်ကြောင်းချင်းစီဆိုရင် ဝါကျတစ်ကြောင်းဆုံးရင်Enter ခေါက်တယ်မဟုတ်လား။အဲဒီ Enter ခေါက်တဲ့နေရာမှာ teg<br>ကို ထည့်ယုံလေးပါ။

ကြည့်ရအောင်..

<html>
<p>HTML is a markup language for describing web documents (web pages).<br>
    HTML stands for Hyper Text Markup Language.<br>
    A markup language is a set of markup tags.<br>
    HTML documents are described by HTML tags.<br>
     </p>
<p>- ဒီနေရာမှာ စာပိုဒ်ဆိုတော့ စာတစ်ပိုဒ်မှာ ဝါကျ တစ်ကြောင်းထက်ပိုလာမယ်။<br>
- ရိုးရိုးစာရိုက်ရင် Enter ခေါက်ပြီး အောက်ဖက် နောက်တစ်ကြောင်းကိုပြန်စတယ်။<br>
 Code နဲ့ ဆိုရင် <br> ကိုသုံးမယ်။ Tag <br>မှာ End teg သုံးဖို့မလို။<br>
</p>
</html>

အပေါ်ကCode ကို  Notepad ပေါ် Copy ယူပြီး ။ Save as လုပ်ပါ။ Run ကြည့် ။

မှတ်ရန် - teg <br> တစ်ခုဟာ Enter တစ်ကြိမ်ခေါက်တာနဲ့ညီမျှတယ်။


==============================================
(၃) Html Horizontal Line <hr>

    The HTML <hr> element defines a horizontal line .

- Teg <hr>  မှာလည်း End teg </hr> ထည့်ရန်မလို။

  ရေညီမျည်းတစ်ကြောင်း အတွက် <hr> တစ်ခုပါ။

ကဲ ..ကိုယ်တိုင်လက်တွေ့ Code ရေးပြီး လေ့ကျင့်လိုက်ပါ။
                                                                    
                                      ဦးအေးမင်း(23-4-2015)

=>>ဆက်လက်ဖော်ပြပါမည်။

No comments:

Post a Comment