Friday, March 11, 2016

Blog နှင့် Website ဖန်တီးခြင်း (၄)

                                      သင်ခန်းစာ(၄)        

Blogger Dashboard မှ Layout  ကိုပြု ပြင်ခြင်း

http://www.blogger.com သို့ Sign inဝင်လိုက်ပါ ။ သင်ခန်းစာ(၃)ကိုလက်တွေ့ပြုလုပ်ပြီးသူများအနေနှင့်Blogger Dashboard သို့ တိုက်ရိုက်ရောက်သွားပါလိမ့်မယ်။
(ခဏခဏ Sign in မဝင်ရအောင် ဒီPageကို Bookmark လုပ်ထားလိုက်ပါ)



 
ပေါ်လာသည့်ပုံတွင် Layout ကို ကလစ်ပါ ။


ကဲ Layout မှာ အပေါ်ဆုံး Favicon ကနေစပြင်ကြရအောင်။



- Edit ကိုကလစ်လိုက်တဲ့အခါ >>အောက်ကပုံအတိုင်း ပေါ်လာမယ်။

မိမိကွန်ပျူတာထဲက ပုံကိုရွေးဖို့အတွက် Browse ကို ကလစ်ပါ ။ ပုံရဲ့size ကတော့ 100KB ထက်
ငယ်ရမယ်နော။
No file selected နေရာမှာ ဓာတ်ပုံပေါ်လာပြီဆိုရင်    Save      လိုက်တော့။

 ပြီးရင် အပေါ်ဘက်က        Save arrangement      ကိုကလစ် ။ ပြီးရင် View Blog ကို နှိပ်ပြီးပြန်ကြည့်။

ဒီလိုပြောင်းသွားပါလိမ့်မယ်။မြားပြထားတဲ့ နေရာကို စူးစူးစိုက်စိုက်ကြည့်ပါ။  B      နေရာမှာ ကိုယ်တင်လိုက်တဲ့ ဓာတ်ပုံပြောင်းသွားပါလိမ့်မယ်။


                  - Layout မှ Header ကိုပြောင်းရအောင်


             Layout မှ Header ကွက်ထဲက Edit ကို ကလစ်ပါ ။ဒီလိုလေးပေါ်လာမယ်။

အရင်က Header နေရာမှာ စာသားနဲ့ ဖော်ပြထားတာကို မိမိနှစ်သက်တဲ့ ဓာတ်ပုံနဲ့ပြောင်းလဲတာဖြစ်တယ်။
မြားပြထားတဲ့နေရာတွေကို ကလစ်ပြီးလုပ်ဆောင်သွားယုံပါ။
 ပြီးရင် အပေါ်ဘက်က        Save arrangement      ကိုကလစ် ။ ပြီးရင် View Blog ကို နှိပ်ပြီးပြန်ကြည့်။

ဆက်လက်ဖော်ပြပါမည်။



No comments:

Post a Comment