သင်ခန်းစာ(၃)
Blogger Dashboard မှ Template ကို ပြုပြင်ခြင်း
မိမိလိုချင်တဲ့ Blog ပုံစံချကြရအောင်။
http://www.blogger.com သို့ Sign inဝင်လိုက်ပါ ။ သင်ခန်းစာ(၂)ကိုလက်တွေ့ပြုလုပ်ပြီးသူများအနေနှင့်
Blogger Dashboard သို့ တိုက်ရိုက်ရောက်သွားပါလိမ့်မယ်။
(ခဏခဏ Sign in မဝင်ရအောင် ဒီPageကို Bookmark လုပ်ထားလိုက်ပါ)
- Customize ကိုနှိပ်လိုက်လျှင် အောက်ပါအတိုင်း
Blogger Template Designer သို့ရောက်သွားပါမည်။
Blogger Template Designer
- Templates- Background
- Adjust widths
- Layout
-Advanced ဟူ၍ အပိုင်း ၄ ပိုင်းပါဝင်သည်။
အောက်ပါအစီအစဉ်အတိုင်းလုပ်ဆောင်ပါ
(၁)Templates
Templatesကိုကလစ်လိုက်လျှင်အထက်ပါပုံအတိုင်းတွေ့ရမည်။ မိမိနှစ်သက်ရာ Templates ရွေးချယ်ပြီးညာဘက်အပေါ်ထောင့်က Apply to Blog ကို နှိပ်ရပါမည်။
(၂) Layout ( Blogger Template Designer )
Layout ကတော့ Blog ပုံစံအတွက်အရေးကြီးဆုံးပါ။
Layout ကို ကလစ်လိုက်သော် ဒီအတိုင်းပေါ်လာမယ်။
မိမိ Blog ကို ကော်လံ ဘယ်လောက်ထားမလဲ ဆုံးဖြတ်ပြီး။
Blog ပုံစံကို ဘယ်လိုယူမယ်ဆုံးဖြတ်။
ပြီးရင် Body layout နဲ့ Footer layout တို့ကို Select လုပ်ပြီး Apply to Blog ကိုကလစ်လိုက်တော့။(၃) Adjust widths
Adjust widths ကို ကလစ်လိုက်တဲ့အခါ အောက်ကအတိုင်း ပေါ်လာမယ်။မိမိလိုသလိုညှိယူတော့။- အကြံပြုလိုသည်မှာ Entre blog အကျယ်ကို 900px ထက်မငယ်စေပါနဲ့။
- Sidebar အကျယ်ကိုလည်း 200px - 250px အကြားသာထားပါ။
- ကော်လံ၃ခုTemplate layout ကိုယူထားလ ျှင် Sidebar၂ခု အကျယ်ပေါ်ပါမည်။
မိမိယူထားသော Layout အတိုင်း Adjust widths ပုံစံပေါ်ပါသည်။
အားလုံချိန်ညှိပြီးရင် Apply to Blog ကိုကလစ်လိုက်တော့။
- Dashboard ကိုပြန်သွားမယ်ဆို << Back to Blogger
- မိမိBlogကိုကြည့်မယ်ဆိုရင် View Blog>> ကိုကလစ်(နှိပ်)
(4) Advanced
Advanced ကို ကလစ်လိုက်တဲ့အခါ အောက်ကအတိုင်း ပေါ်လာမယ်။Advanced Tab မှာလုပ်ဆောင်စရာတွေအများကြီးရှိ၏။
Page Text , Backgrounds, Link, Blog Title, Blog Description, Tabs Text , Tabs Background
Post Tile .......စသည်တို့၏အရောင် ၊အရွယ်အစားတို့ ကိုပြောင်းရန် ဖြစ်ပါသည်။
မိမိလုပ်သည့်အတိုင်းစိတ်ကြိုက်လုပ်ဆောင်ပြီးလျှင် Apply to Blog ကိုကလစ်လိုက်တော့။
- Dashboard ကိုပြန်သွားမယ်ဆို << Back to Blogger
- မိမိBlogကိုကြည့်မယ်ဆိုရင် View Blog>> ကိုကလစ်(နှိပ်)
ဤတွင် Template Designer နှင့်ပတ်သက်၍ ပြီးပါပြီ။
ဆက်လက်ဖော်ပြပါမည်။
လွင့်မောင်မောင်(ထားဝယ်)
၈-၃-၂၀၁၆ ည ၁၁နာရီ

No comments:
Post a Comment