Blog နှင့် Website ဖန်တီးခြင်း (၂)




- အထူးသတိပေးလိုသည်မှာ Blog တစ်ခုကိုစတင်တည်ဆောက်ပြီး Blog ၏ အဆင်တန်ဆာများဖြစ်သော Widgets နှင့် Gadgets များကို အလျင်စလို မထည့်သွင်းပါနှင့်ဦး။အဘယ်ကြောင့်ဆိုသော် Blog ပြန်ပြင်လျှင် ကိုးယိုးကားယား ဖြစ်တတ်သောကြောင့်ဖြစ်ပါသည်။ Blog ကို မိမိစိတ်တိုင်းကျ တည်ဆောက်ပြီးမှသာ 
Third party များဖြစ်သော Widgets နှင့် Gadgets တို့ကိုထည့်သွင်းသင့်သည်။

- အရေးကြီးဆုံးအချက် က Blog နှင့် Website ပုံစံကို ရွေးချယ်ခြင်းဖြစ်သည်။
- မိမိတင်ပြမည့်အကြောင်းအရာအပေါ်လိုက်၍ Theme or Templates ကိုရွေးချယ်ရ၏။
- ဓာတ်ပုံ ၊သတင်း ၊ ရုပ်ရှင်၊နည်းပညာ၊ကျန်းမာရေး နှင့်ဗဟုသုတ စသည်ဖြင့် အကြောင်းအရာများကိုလိုက်၍
  Theme or Templates  ကိုရွေးချယ်ရမည်ဖြစ်သည်။
 လောလောဆယ်တော့သင်ခန်းစာ(၁)အတိုင်းလုပ်ဆောင်ပြီးသူများအတွက်
သင်ခန်းစာကိုဆက်ကြရအောင်။

                             သင်ခန်းစာ (၂)               

Blogger Dashboard ကိုလေ့လာခြင်း


မိမိလိုချင်တဲ့ Blog ပုံစံချကြရအောင်။

http://www.blogger.com သို့ Sign inဝင်လိုက်ပါ ။ သင်ခန်းစာ(၁)ကိုလက်တွေ့ပြုလုပ်ပြီးသူများအနေနှင့်
Blogger Dashboard သို့ တိုက်ရိုက်ရောက်သွားပါလိမ့်မယ်။
(ခဏခဏ Sign in မဝင်ရအောင် ဒီPageကို Bookmark လုပ်ထားလိုက်ပါ)
- မြားပြထားသည့်နေရာကိုနှိပ်ပါ။အောက်ပါအတိုင်းပေါ်လာပါမည်။
- Setting ကို နှိပ်လိုက်တဲ့အခါ အောက်ပါအတိုင်းတွေ့ရမည်။

- Setting မှာလုပ်ဆောင်နိုင်တာတွေလေ့လာကြမယ်။

 Blog Title ,Address ,Description စသည်တို့ကိုပြန်ပြင်ရန်အသုံးပြုပါမည်။

 Edit ကိုနှိပ်ပြီးပြင်ယုံပါ။

 - Description မှာ မိမိBlog မှာ အဓိကဖော်ပြမဲ့အကြောင်းအရာတွေဖြည့်မယ်။

  (ဥပမာ - သတင်း၊ကျန်းမာရေး၊နည်းပညာ၊ဘာသာရေး......စသည်ဖြင့်)

- Permissions   ကတော့ မိမိblog ဝင်ရောက်ရေးခွင့်ပေးမဲ့သူ နှင့် Blog စီမံခန့်ခွဲပေးမဲ့သူကိုဖိတ်ခေါ်တဲ့နေရာမှာအသုံးပြုပါမယ်။

လုပ်ဆောင်ပုံ - Add authors ကို ကလစ်ပါ။ဒီလိုပေါ်လာမယ်။

ဖိတ်ခေါ်ချင်တဲ့ Email ကိုရိုက်သွင်းပြီး    Invite authors  ကိုကလစ်ပါ။ ဖိတ်ခေါ်ခံရသူမှ ၎င်း၏ Mail တွင်
Accept invitation   လုပ်ပြီးလျှင် ဒီလိုပေါ်လာပါမယ်။
မိမိဖိတ်ခေါ်လိုက်တဲ့သူကို Post တင်ခွင့်သာပေးမယ်ဆိုရင် Author ကိုရွေးမယ်။
အကယ်၍ Blogတစ်ခုလုံးကိုစီမံခန့်ခွဲခွင့်ပေးမယ်ဆိုရင် Admin ကို ရွေးရပါမည်။

လေ့ကျင့်လိုက်ပါ။ ဆက်လက်ဖော်ပြပါမည်။
                                                                                ဦးအေးမင်း(ထားဝယ်)

Post a Comment

1 Comments