ဂျင်စင်းထက် ၄၄ ဆ အစွမ်းအာနိသင်ရှိသော ဓနိဖူးခြောက်




ဂျင်စင်းထက် ၄၄ ဆ အစွမ်းအာနိသင်ရှိသော ဓနိဖူးခြောက်

ဂျင်စင်းထက် ၄၄ ဆ အစွမ်းအာနိသင်ရှိသော မြန်မာပြည်ပင်လယ်ကမ်းစပ်မှ ဓနိဖူးခြောက်
ဓနိပင်သည် ပင်လယ်ရေငန်ရောက်သော ဒီရေတော များတွင် ဖြစ်ထွန်း သည်။ အုန်းပင်ပေါက်နှင့် ဆင်တူပါသည်။
အခြား သီးနှံများ ကဲ့သို့ ဓာတ်မြေသြဇာ ကျွေးရခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်း လုံး၀ လုပ်စရာ မလိုသောအပင်ဖြစ်ကာ ဒီရေ များနှင့် ပါလာသော နုန်း မြေ များသည် ဓနိခြံ အတွင်းတွင် တင်ကျန်နေ ခဲ့ပြီး သဘာဝမြေသြဇာ အဖြစ်နှင့် ဓနိပင် များ ကို ကြီးထွားစေသောကြောင့် ဓနိထွက် အစားအစာမှန်သမျှ သဘာဝစစ်စစ် အော်ဂင်းနစ်များသာ ဖြစ်ပေသည်။
ဓနိပင်သည် လူသားတို့အတွက် အသုံးအဆောင်များအစားအစာများ ပေးစွမ်းသည်သာမက ဓနိဖူးသည် ဂျင်စင်းထက်သာသော ဆေးဘက်ဝင် အဖိုးတန်ရတနာ တပါးဖြစ်နေသည်ကို သိရှိသူ ရှားပါးလှပေသည်။
ဓနိဖူးခြောက်သည် ကိုးရီးယားလူမျိုးအများစုရဲ့တန်ဖိုးထားရသော ဂျင်ဆင်းထက် ဓနိဖူးတွင် Antioxidantအဆပေါင်း ၄၄ဆပိုသည်ဟု ကိုရီးယား အစားအစာနှင့်အဟာရပညာရှင်များ ဆိုပါသည်။ ထို့ကြောင့် ယခုအခါ ဓနိဖူးခြောက်သည် ကိုးရီးယားနိုင်ငံ၏ VIP အစားအစာအဖြစ်နေရာယူလျက်ရှိနေပါသည်။

ဓနိဖူးခြောက် သာက်သုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

ဆီးချို သွေးချို သွေးတိုး အရေပြားယားနာအမျိုးမျိုး သွေးတွင်းအဆီများခြင်းနှင့် အစာအိမ်ရောဂါများ ပျောက်ကင်းနိုင်ပါသည်။ သောက်သုံးနည်းကတော့ ရေနွေးနဲ့စိမ် အရောင်မပြောင်းမချင်း ရေနွေးထည့်သောက်အာနိသင်မပြယ်ပါ။အဖြူရောင်ဖြစ်မှ ဓနိဖူးအားသွန်ပစ်ပါ။

မြန်မာပြည်မှာတော့ဓနိဖူးခြောက်ရေနွေးကြမ်းကို တွင်တွင်ကျယ်ကျယ် မသောက်တတ်ကျသေးပေမယ့် ဂျပန်နှင့် ကိုရီးယားနိုင်ငံများမှာတော့ စျေးကြီးတဲ့ပစ္စည်းပါ။ ယခုမြန်မာပြည်မှာ စတင်ထုတ်လုပ်နေပြီဆိုတော့ မိမိ၏ ကျန်းမာရေးကို အထူးအထောက်အကူပြုသော မြန်မာပြည်ဖွား ဓနိဖူးခြောက် ရေနွေးကြမ်းကို နေ့စဉ်သောက်သုံးသင့်ပါကြောင်း စေတနာများစွာဖြင့် ရေးသားတိုက်တွန်းလိုက်ရလေတော့သတည်း ။ ။

မြင့်မိုရ်ဦး (လမ်းပြကြယ်စင် စာပေပရဟိတ မဂ္ဂဇင်း)

Comments