Basic HTML
LESSION (4)
4.2 Moving Fonts (လှုပ်ရှားနေသော စာလုံးများ)
Website နှင့် Blog များကို တန်ဆာဆင်ရန် လှုပ်ရှားနေသော စာလုံးများ ကိုဖန်တီးဖို့ <marquee> tagကိုတတ်ထားသင့်ပေသည်။ ဤသင်ခန်းစာတွင်ကျန်ရှိသောmarquee(Attributes)များကိုဆက်လက်ဖော်ပြပါမည်
Continuous scrolling text:
direction="right " ဟုဆိုလျှင် စာလုံးလေးများသည် သတ်မှတ်ထားသောဧရိယာတွင်ဘယ် မှညာသို့ရွေ့လျားလာပြီး သတ်မှတ်ဧရိယာဆုံးလျှင် ဘယ် မှပြန်လည်ထွက်ပေါ်လာ၍ အဆက်မပြတ်သွားနေမည်။
This marquee causes the text to scroll continuously from left to right. Once it disappears from the left, it re-appears from the left.
ကဲကြည့် ရအောင်
Code | Result |
---|---|
Text Scrolling Upwards:
direction="up" ဟုဆိုလျှင် စာလုံးလေးများသည် သတ်မှတ်ထားသောဧရိယာတွင်အောက်မှအပေါ်သို့ရွေ့လျားလာပြီး သတ်မှတ်ဧရိယာဆုံးလျှင် အောက်ဖက် မှပြန်လည်ထွက်ပေါ်လာ၍ အဆက်မပြတ်သွားနေမည်။
Code | Result |
---|---|
Text Scrolling Downwards:
direction="down" ဟုဆိုလျှင် စာလုံးလေးများသည် သတ်မှတ်ထားသောဧရိယာတွင်အပေါ်မှအောက်သို့ရွေ့လျားလာပြီး သတ်မှတ်ဧရိယာဆုံးလျှင်အပေါ်ဖက် မှပြန်လည်ထွက်ပေါ်လာ၍ အဆက်မပြတ်သွားနေမည်။
Code | Result |
---|---|
Slide-in text:
<marquee behavior="slid" direction="left"> ဟုဆိုလျှင် စာလုံးများသည် သတ်မှတ်ဧရိယာ၏ညာဖက်မှထွက်ပေါ်လာ၍ ဘယ်ဖက်သို့ရွေ့လျားလာပြီး ၎င်းဘယ်ဖက်အစွန်းတွင်ရပ်နားနေမည်။
This text slides in from the right, then stays where it is. You will need to refresh this page to see the effect again.
Code | Result |
---|---|
<marquee behavior="slid" direction="right"> ဟုဆိုလျှင် စာလုံးများသည် သတ်မှတ်ဧရိယာ၏
ဘယ်ဖက်မှထွက်ပေါ်လာ၍ ညာဖက်သို့ရွေ့လျားလာပြီး ၎င်းညာဖက်အစွန်းတွင်ရပ်နားနေမည်။
This text slides in from the right, then stays where it is. You will need to refresh this page to see the effect again.
Code | Result |
---|---|
Text bouncing back and forth:
စာလုံးများ ဘယ်-ညာခေါက်တုန့်ခေါက်ပြန် သွားရန်အတွက် behavior="alternate" ကိုအသုံးပြုမည်။Code | Result |
---|---|
ချစ်သောပညာလိုလားအမျိုးကောင်းသား/သမီး တို့ ဒီနေရာမှာ <marquee> tag သင်ခန်းစာကိုခေတ္တ
ရပ်နားပါမယ်။ ဓာတ်ပုံများရွေ့တဲ့ <marquee> tag သင်ခန်းစာကို နောက်ပိုင်းမှာ ပေါင်းစပ်ဖော်ပြပါမယ်။
ပြဆိုခဲ့ပြီးသောသင်ခန်းစာ များကို အထပ်ထပ်ကြေညက်အောင်လေ့လာပြီး <marquee> tag မှာ စာလုံးတွေကို အရောင်များထည့် ပြီး ပေါင်းစပ်လေ့ကျင့်ပါလို့ အကြံပြုပါရစေ။
မေတ္တာဖြင့် - ဦးအေးမင်း(အောင်မြေ)
Comments
Post a Comment