အင်္ဂ၀ိဇ္ဇာဗေဒ်ပညာ - > Link-issuu.com/LwintMaungMaung
Saturday, August 3, 2013
အသင့်သုံးအခါပိုင်းဇယား(pdf)
Unicode:
အင်္ဂဝိဇ္ဇာဘုတ္တိခါပေါင်း ၁၂၀ အတွက်အသင့်သုံးအခါပိုင်းဇယားနှင့် အသုံးပြုပုံ
အင်္ဂဝိဇ္ဇာဗေဒင်ပညာတွင် အချိန်ပေါ်လိုက်၍ အခါပိုင်း ခြင်းကိုကျွမ်းကျင်ပိုင်နိုင်မှ မှန်ကန်သော
အဖြေကိုထုတ်နိုင်မည်ဖြစ်ရာ လေ့လာလိုသူများ အလွယ်တကူ အသုံးပြုနိုင်စေရန်
နံနက် ၆နာရီ မှ ညနေ ၆နာရီအထိ ၆မိနစ် တစ်ခါ ဘုတ္တိခါ ပိုင်းထားသော ဘုတ္တိခါပေါင်း ၁၂၀ အတွက် အခါပိုင်းဇယားကိုတင်ပေးလိုက်ပါတယ်။
Thursday, August 1, 2013
လယ်တီဆရာတော်ဘုရားကြီးရေးသားစီရင်အပ်သော “အာနာပါန ဒီပနီ ”
Labels:
စာကြည့်တိုက်,
ဘာသာရေး,
လယ်တီဆရာတော်
လယ်တီဆရာတော်ဘုရားကြီးရေးသားသော“ လက္ခဏ ဒီပနီ ”
Labels:
စာကြည့်တိုက်,
ဘာသာရေး,
လယ်တီဆရာတော်
Wednesday, July 31, 2013
လယ်တီဆရာတော်ဘုရားကြီးရေးသားတော်မူသော“အလင်းကျမ်း”
တိမ်မြုပ်ပျောက်ကွယ်နေသောအင်္ဂဝိဇ္ဇာဗေဒင်ပညာကိုပြန်လည်တွေ့ရှိခြင်း[အင်္ဂဝိဇ္ဇာဗေဒင်ပညာ မှတ်စု ၂ ]
တိမ်မြုပ်ပျောက်ကွယ်နေသောအင်္ဂဝိဇ္ဇာဗေဒင်ပညာကိုပြန်လည်တွေ့ရှိခြင်း
အင်္ဂဝိဇ္ဇာဗေဒင်ပညာဖြင့်တွက်ချက်၍
ဟောပြောမည်ဆိုလျှင် အဓိကကျဆုံးမှာ
အခါပိုင်းခြင်းပင်ဖြစ်သည်။အခါမှားလျှင်
မှန်ကန်သောအဖြေကိုမည်သို့မျှမရနိုင်။
ထိုကြောင့်လည်း အချိန်
အခါပိုင်းခြင်းကို အခြေခံမှအစ ကျမ်းရင်းလင်္ကာကို
အာစရိယမူများနှင့်ပေါင်းစပ်၍
တင်ပြပေးပြီးဖြစ်ပါသည်။
ကျွန်ုပ်သည် အင်္ဂ၀ိဇ္ဇာကျမ်းအမျိုးမျိုးကို
လက်လှမ်းမီသလောက် ဖတ်ရှု လေ့လာ မှတ်သားတွေးဆခဲ့ရသည်မှာ အချိန်များစွာပေးဆပ်ခဲ့ရ၏။
လက်ထပ်သင်ဆရာမရှိသောကြောင့် စိတ်ပျက်ကာ
အင်္ဂ၀ိဇ္ဇာပညာကိုနှစ်များစွာ
ပစ်ထားပြီးကာမှ၊၁၉၉၉-၁၉၉၀ ခုနှစ်တွင် ဆရာဦးမောင်မောင်သန်း(ရင်ကိုအေးမြရစေသား)၏
အင်္ဂ၀ိဇ္ဇာအဟောပညာသင်ခန်းစာ များကို နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှပြန်လည်လေ့လာခွင့်ရ၏။
ထို့နောက် ဆရာဦးကြည်၏ အထဗ္ဗဏဗေဒင်(မဟာကာလဗေဒင်)ပညာ ကိုလေ့လာဆည်းပူးရာမှာ မိနစ်၉၀ အခါတစ်ခုကို ၁၈မိနစ်စီ အခါခွဲ ၅ ခု ထပ်မံပိုင်းစိပ် သည်ကို လေ့လာသင်ယူခဲ့ပါသည်။
သို့သော် အထဗ္ဗဏဗေဒင်(မဟာကာလဗေဒင်)ပညာကိုအသုံးပြုမည်ဆိုလျှင်အခါတစ်ခုသည်

၁၈မိနစ်ထက်ပိုမိုအသေးစိပ်ရန်လိုအပ်မည်ဟု
ကျွန်ုပ်စိတ်ထဲ၌ အလိုလိုသိနေသလိုဖြစ်မိ၏ ။
အဘယ်ကြောင့်ဆိုသော်ဤအချိန်ကကျွန်ုပ်သည်ဆန္ဒဂဏန်း၁မှ၂၄၉အထိတွင်နှစ်သက်ရာ
ဂဏန်းတစ်လုံးကို
တောင်းဆို၍ နက္ခတ်ခွဲပေါင်း၂၄၉ ခုမှ ရာသီခွင်ချ၍တွက်ရသော
ဆရာကြီးKP၏ဟူးရားနက္ခတ္တဗေဒကို သင်ကြားတတ်မြောက်ပြီးဖြစ်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ဆရာတော်
ခင်ကြီးဖျော်၏ ကျမ်းရင်းလင်္ကာကိုပြန်လည်ဖတ်ရှု၍ နက်ရှိုင်းစွာ
တွေးခေါ်ကြည့်မိသည်။
“သူရဇ္ဖက စ၍စဉ်စီ ရှစ်ခါညီ
ရှစ်လီဂြိုဟ်ပေါင်းပြ ရာသီဆယ့်နှစ်ဝ သင်္ချာယူ၍ဆ။”
နေ့၁၂နာရီကို
အခါတစ်ခုအတွက် ၁နာရီ၃၀မိနစ်(၉၀မိနစ်) စီ ညီမျှပိုင်းလျှင် ၈ ခါရ၏ ။
ဤအထိ“သူရဇ္ဖက စ၍စဉ်စီ
ရှစ်ခါညီ” ဆိုသည်နှင့် ကိုက်ညီနေသော်လည်း ………..
“ရှစ်လီဂြိုဟ်ပေါင်းပြ”
ဟုဆိုရာတွင်မူ အခါခွဲတစ်ခုကို ၁၈မိနစ် စီဖြင့် အခါတစ်ခု(၉၀မိနစ်)ကို
အခါခွဲ ၅
ခုသာပိုင်းနိုင်သဖြင့် ငါးလီသာပေါင်းနိုင်သေး၏ ။ရှစ်လီပြည့်ရန် သုံးလီ
လိုနေ၏။
လိုနေသည်ဟုသိပင်သိညား
နည်းလမ်းကိုရှာမရနိုင်ခဲ့ ။ထို့ကြောင့် ထွက်သမျှလက်လှမ်းမီသမျှ အင်္ဂဝိဇ္ဇာကျမ်းများ
ဆောင်းပါးများတွင်ရှာဖွေကြည့်၏ ။မရခဲ့ပါ။ဤသို့လမ်းစပျောက်နေချိန်…….
တစ်ချိန်က
အမှတ်မထားကျော်၍ဖတ်သွားသော“ဆရာဦးမောင်မောင်သန်း(ရင်ကိုအေးမြရစေသား)”
၏
အင်္ဂဝိဇ္ဇာအဟောပညာသင်ခန်းစာဆောင်းပါးတစ်ခုမှ “တိုင်ပြေးကလေးများ”ကို စိတ်ဝင်တစား
အာရုံစူးစိုက်လေ့လာရင်းမှတ်သားနေရင်းမှ…အိပ်ပျော်သလိုဖြစ်သွား၏။သို့သော်နားထဲတွင်မူ
ကျွန်ုပ်နှင့်ရင်းနှီးသောအသံတစ်သံကိုကြားနေရသည်
။အသံရှင်ကိုတော့မမြင်ရ ။ ဆရာအရှင်၏အသံမှန်းသိ၏။ အိမ်မက် မက်သလိုခံစားနေရသည်
။ဆရာအရှင်ပြောခဲ့သည်က
“သုံးလီများ အဆန်းလုပ် လုပ်
၆မိနစ် စီပေါ့ ။ ဆပွတ်နဲ့ဘဲ့ယူ” တဲ့ ။နောက်ပြောသွားသေးသည်
“ငါတို့မသိတာ
ဘာမှမရှိဘူးကွ ” တဲ့ ။ ပညာတစ်ခုပေးတိုင်း ဤသို့ပြောနေကျ ။
ခဏလေးသာကြာလိုက်တဲ့
အချိန်ပါ ။ ကျွန်ုပ် ပြန်နိုးလာ၏။ “တစ်ရေးနိုးသော်အကြံပေါ်”
ဆိုသည့်အတိုင်း
တိမ်မြုပ်နေသော တန်ဘိုးကြီးလှသည့်မြန်မာတို့၏ အင်္ဂဝိဇ္ဇာ ပညာရပ်၏
၆မိနစ်ကို
အခါတစ်ခုပိုင်းသောပညာခန်းကို ကျွန်ုပ်သင်ယူတတ်မြောက်ခဲ့၏ ။
ချက်ချင်းပင်
ပဉ္စဂုဏံ အဟံဝန္ဒာမိ ။ အာစရိယဂုဏံ အဟံဝန္ဒာမိ။ ဟုအသံထွက်အောင်ရွတ်၍
လက်ဆယ်ဖြာထိပ်မှာမိုးလျှက်
အနန္တငါးပါးကိုရှစ်ခိုးဖြစ်လိုက်ပါသည်။
=========================================================
ဗုဒံ္ဓသရဏံ
ဂစ္ဆာမိ
ဓမ္မံသရဏံ
ဂစ္ဆာမိ
သံဃံသရဏံ ဂစ္ဆာမိ
အရဟံ သိဒ္ဓိ
“ ပဉ္စဂုဏံ အဟံဝန္ဒာမိ ။ အာစရိယဂုဏံ အဟံဝန္ဒာမိ”
ဝေါဟာရ အသုံးအနှုန်းများ
(၉၀)မိနစ် အခါ တစ်ခုကို
…………….မူလအခါ
(၁၈)မိနစ် အခါတစ်ခုကို ………………အခါခွဲ
(၆)မိနစ် အခါတစ်ခုကို ………………..ဘုတ္တိအခါခွဲ ဟူ၍ခေါ်ဝေါ်အသုံးပြုမည်။
“သုံးလီများ
အဆန်းလုပ် လို့ ၆မိနစ် စီပေါ့ ။ ဆပွတ်နဲ့ဘဲ့ယူ” ဟုဆိုသဖြင့်
ကျွန်ုပ်သည်ဤသို့
အဓိပ္ပာယ်ဖော်ကြည့်လိုက်သည်။
Tuesday, July 30, 2013
နက္ခတ္တဗေဒအခြေခံ ( ၁ )
နက္ခတ္တဗေဒအခြေခံ (၁)

နက္ခတ္တဗေဒ တွင်
(၁) တွက်ချက်မှု(ဂဏိတ)နှင့်
(၂) ဟောပြောမှု (ဖလိတ) ဟူ၍ နှစ်ပိုင်းရှိသည်။
ကျွန်ုပ်အနေဖြင့် ၊ ဗေဒင်ဆောင်းပါးများကိုဗဟုသုတအနေဖြင့် လေ့လာလိုသော ဗေဒင်ဝါသနာရှင်များအတွက်
ကိုသာရည်ရွယ်၍ ဤနက္ခတ္တဗေဒအခြေခံကို ဖော်ပြမည် ဖြစ်ပါသဖြင့် တွက်ချက်မှုပညာ (ဂဏိတဗေဒ)ကိုချန်လှပ်၍
ဟောပြောမှုပညာ(ဖလိတဗေဒ) ၏ အခြေခံများကိုသာရေးသားဖော်ပြပေးပါမည် ။
အထူးသဖြင့် ကျွန်ုပ်ဖော်ပြနေသော “ကုန်းဘောင်မင်းဆက်ဇာတာတော်များ” ကို အချိန်တိုအတွင်း
လွယ်ကူစွာလေ့လာနိုင်ရန် ရည်ရွယ်ပါသည်။
*******************************************************************
ဤနေစကြာဝဠာတွင် Ecliptic ခေါ် နေ(sun)သွားရာ တစ်နှစ်ပတ် စက်ဝန်းလမ်းကြောင်းကို နောက်ခံကြယ်တာယာ
အစုအဝေး(နက္ခတ်)များအားအမှတ်အသားပြု၍ ၊ ၁၂ ပိုင်းညီညာစွာပိုင်းထားသည် ။
ကျွန်ုပ်တို့ ကမ္ဘာ ကို အလယ်ဗဟိုထားသောဤ စက်ဝန်းသည် ၃၆၀ံ (၃၆၀ အံသာ) ရှိ သောကြောင့် ၊ ၁၂ ပိုင်းညီညာစွာ
ပိုင်းသောအခါ ၊တစ်ပိုင်းကို ၃၀ံ (၃၀ အံသာ) စီရှိသော အပိုင်း ၁၂ ပိုင်း ရရှိသည်။
၎င်း ၃၀ံ ရှိသော အပိုင်းတစ်ခုကို တစ်ရာသီ ဟုသတ်မှတ်သည် ။ ထို့ ကြောင့် ၃၆၀ံ အတွက် ၁၂ ရာသီ စက်ဖြစ်ပေါ်လာသည် ။
ပုံ - ၁ -
![]() |
မိဿ ရာသီမှ နာရီလက်တံပြောင်းပြန်(anticlockwise) ဦးတည်ဘက်အတိုင်းရေတွက်ပါသည်။ မိန်ရာသီနှင့်မိဿရာသီအစပ်သည် ၀ံ ဖြစ်သည်။ |
ရာသီအမည် ရာသီသင်္ချာသင်္ကေတ
မိဿ ဝ
ပြိဿ ၁
မေထုန် ၂
ကရကဋ် ၃
သိဟ် ၎
ကန် ၅
တူ ၆
ၿဗိစ ၦာ ၇
ဓနု ၈
မကာရ ၉
ကုမ် ၁၀
မိန် ၁၁
ဂြိုဟ်အမည် သင်္ချာသင်္ကေတ
တနင်္ဂနွေ (နေ) = ၁
တနင်္လာ (စန်း) = ၂
အင်္ဂါ = ၃
ဗုဒ္ဓဟူး = ၎
ကြာသပတေး = ၅
သောကြာ = ၆
စနေ = ဝ
ရာဟု = ၈ (အရိပ်ဂြိုဟ်)
ကိတ် = ၉
ကသစ်ဂြိုဟ်(ရာသီသခင်ဂြိုဟ်(သို့) အိမ်ရှင်ဂြိုဟ် )
မိဿရာသီမှစတင်၍ “စ ၊ သာ ၊ ရွှေ ၊ ကူ ၊ အင်း ၊ ဝ ၊ သူ ၊ ဆန် ၊ ဖြူ ၊ တ ၊ တင်း ၊ ပေး ” ဟု အလွယ်မှတ်သားနိုင်သည်။
ပုံ - ၂

လဂ်
ဇာတာခွင်တစ်ခုကိုကြည့်လျှင် “လ” ဟူသောအက္ခရာကို တွေ့မည်ဖြစ်သည် ။
“လ” သည် “လဂ်” ၏အတိုကောက်ဖြစ်သည် ။ လဂ် သည် ပေါ်ပေါက်ခြင်း ၊ စတင်ခြင်း ဟုအဓိပ္ပာယ်ရသော သက္ကဋစကားလုံး “လဂ္ဂဏ” ကိုအတိုကောက်ရေးထားခြင်းဖြစ်သည်။
ဗေဒင်ပညာတွင် “ဘဝစတင်ခြင်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုရမည်ဖြစ်သည် ။
မွေးဖွားချိန်အပေါ်မူတည်၍ တွက်ထားသော လဂ်ကို ဇနမလဂ် (တနည်း) ဥဒယလဂ် (တနည်း) မူလလဂ် ဟုခေါ်သည်။
အတန့်
လဂ် တည်သောရာသီမှ စတင်၍ ၁ တန့် ၊ ၂တန့် ၊ ၃တန့်……………………၊၁၂တန့် စည်ဖြင့် လက်ဝဲရစ် (anticlockwise)
အတိုင်းရေတွက်သည်။
ပုံ - ၃ -

ဘာဝ
ဤအတန့်များကို ပင် ဘာဝဟုအောက်ပါအတိုင်းအမည်သတ်မှတ်ထားပါသည်။
၁တန့်ဘာဝ = တနုဘာဝ ( ကျန်းမာရေး ၊ကိုယ်ခန္ဓာ၊ကိုယ်ရေးကိုယ်တာ၊အလုပ်ကိုင်၊သြဇာအာဏာ)
၂တန့်ဘာဝ = ကဋုမ္ဗဘာဝ ( အလုပ်အကိုင် ၊ စီးပွားဥစ္စာ ၊ အိမ်ထောင်ရေး၊စကားအပြောအဆို)
၃တန့်ဘာဝ = သဟဇဘာဝ (ညီအကိုမောင်နှမ ၊ ဆွေမျိုး ၊ရဲစွမ်းသတ္တိ)
၎တန့်ဘာဝ = ဗန္ဓုဘာဝ (မိခင် ၊ မိတ်ဆွေ ၊ အကြံအစည် ၊ အသည်း နှလုံး ၊
ပညာရေး၊နေအိမ်နှင့်မရွေှ့ပြောင်းနိုင်သောအရာ)
၅တန့်ဘာဝ = ပုတြဘာဝ (သားသမီး ၊ ပညာရေး ၊ ဘုန်းတန်ခိုး ၊ ပစ္စုပ္ပန်ဘဝကံပါရမီ )
၆တန့်ဘာဝ = အရိဘာဝ (ရန်သူ ၊အနှောက်အယှက်ခိုက်ရန်ဒေါသ၊အနာရောဂါ၊မိခင်ဘက်မှဦးလေး၊ ဒေါ်လေး )
၇တန့်ဘာဝ = ပထနီဘာဝ (လက်တပ်ခြင်း၊ အိမ်ထောင်ရေး ၊ အိမ်ထောင်ဖက်၏ကံကြမ္မာ ၊ သုခ)
၈တန့်ဘာဝ = မရဏဘာဝ (ဖျားနာခြင်း ၊ ရောဂါဝေဒနာခံစားရခြင်း ၊သေဆုံးခြင်း ၊နိုင်ငံခြားခရီး )
၉တန့်ဘာဝ = သုဘဘာဝ (ဖခင် ၊ဘာသာရေး ၊ အကျင့်စာရိတ္တ ၊ အတိတ်ကံပါရမီ ၊ဆရာ)
၁၀တန့်ဘာဝ = ကမ္မဘာဝ (အလုပ်အကိုင် ၊ အကြံအစည် ၊ ခရီးယာယီ ၊ မင်း အစိုးရနှင့်ပတ်သက်သောကိစ္စ ၊
နိုင်ငံရေးသြဇာအာဏာ၊ထင်ပေါ်ကျော်ကြားမှု)
၁၁ တန့်ဘာဝ = လာဘဘာဝ (လာဘ်ရွှင်ခြင်း ၊ လူချစ်လူခင်ပေါများခြင်း )
၁၂တန့်ဘာဝ = ဗျာယဘာဝ ( ပျက်စီးခြင်း ၊ ရောဂါခံစားရခြင်း ၊ စိတ်ဆင်းရဲမှုခံစားရခြင်း၊နိုင်ငံခြားခရီး )
(လောလောဆယ် ၁တန့်ဘာဝ ၊ ၂တန့်ဘာဝ၊ ၃တန့်ဘာဝ စသည့် ကိန်း များဖြင့်မှတ် လျှင်ရပါပြီ)
ဘာဝသခင်ဂြိုဟ်
ဘာဝသခင်ဂြိုဟ် ဆိုသည်မှာ ၁တန့် ၊ ၂တန့် ………၁၂တန့် ကျသော ရာသီ၏ ရာသီသခင်ဂြိုဟ်ပင်ဖြစ်သည် ။

ဥပမာ ၁ ။ ။ လဂ် တည်သောရာသီသည် ကရကဋ်ရာသီ ဖြစ်ပါက
၁ တန့်ဘာဝသခင်ဂြိုဟ် = တနင်္လာ (၂) (ကူ) ကရကဋ်
၂ တန့်ဘာဝသခင်ဂြိုဟ် = တနင်္ဂနွေ (၁) (အင်း) သိဟ်
၃တန့်ဘာဝသခင်ဂြိုဟ် = ဗုဒ္ဓဟူး(၄) ( ဝ ) ကန်
၎ တန့်ဘာဝသခင်ဂြိုဟ် = သောကြာ (၆) ( သူ ) တူ
၅ တန့်ဘာဝသခင်ဂြိုဟ် = အင်္ဂါ (၃) ( ဆန် ) ဗြိစ္ဆာ
၆ တန့်ဘာဝသခင်ဂြိုဟ် = ကြာသပတေး (၅) (ဖြူ) ဓနု
၇တန့်ဘာဝသခင်ဂြိုဟ် = စနေ (၀) ( တ ) မကာရ
၈တန့်ဘာဝသခင်ဂြိုဟ် = စနေ (၀) ( တင်း) ကုမ်
၉ တန့်ဘာဝသခင်ဂြိုဟ် = ကြာသပတေး (၅) ( ပေး ) မိန်
၁၀ တန့်ဘာဝသခင်ဂြိုဟ် = အင်္ဂါ (၃) (စ) မိဿ
၁၁ တန့်ဘာဝသခင်ဂြိုဟ် = သောကြာ (၆) (သာ) ပြိဿ
၁၂ တန့်ဘာဝသခင်ဂြိုဟ် = ဗုဒ္ဓဟူး(၄) (ရွှေ) မေထုန်
ဥပမာ ၂ ။ ။ လဂ် တည်သောရာသီသည် သိဟ်ရာသီ ဖြစ်ပါက
၁တန့်ဘာဝသခင်ဂြိုဟ် = တနင်္ဂနွေ (၁) (အင်း) သိဟ်
၂တန့်ဘာဝသခင်ဂြိုဟ် = ဗုဒ္ဓဟူး(၄) ( ဝ ) ကန်
၃တန့်ဘာဝသခင်ဂြိုဟ် = သောကြာ (၆) ( သူ ) တူ
၎ တန့်ဘာဝသခင်ဂြိုဟ် = အင်္ဂါ (၃) ( ဆန် ) ဗြိစ္ဆာ
၅ တန့်ဘာဝသခင်ဂြိုဟ် = ကြာသပတေး (၅) (ဖြူ) ဓနု
၆ တန့်ဘာဝသခင်ဂြိုဟ် = စနေ (၀) ( တ ) မကာရ
၇ တန့်ဘာဝသခင်ဂြိုဟ် = စနေ (၀) ( တင်း) ကုမ်
၈ တန့်ဘာဝသခင်ဂြိုဟ် = ကြာသပတေး (၅) ( ပေး ) မိန်
၉ တန့်ဘာဝသခင်ဂြိုဟ် = အင်္ဂါ (၃) (စ) မိဿ
၁၀ တန့်ဘာဝသခင်ဂြိုဟ် = သောကြာ (၆) (သာ) ပြိဿ
၁၁ တန့်ဘာဝသခင်ဂြိုဟ် = ဗုဒ္ဓဟူး(၄) (ရွှေ) မေထုန်
၁၂ တန့်ဘာဝသခင်ဂြိုဟ် = တနင်္လာ (၂) (ကူ) ကရကဋ်
၄၅ မိနစ်ခန့် အချိန်ပေး၍ လေ့ကျင့်လိုက်ပါ ။
===============================================
ဥစ် နှင့် နိစ်
ြ၈ိုဟ်များနှင့် ၄င်းတို့၏ ဥစ်ရာသီများ၏
တနင်္ဂနွေ ၏ ဥစ်ရာသီ မှာ မိဿ ၊
တနင်္လာ ၏ ဥစ်ရာသီ မှာ ပြိဿ
အင်္ဂါ ၏ ဥစ်ရာသီ မှာ မကာရ ၊
အင်္ဂါ ၏ ဥစ်ရာသီ မှာ မကာရ ၊
ဗုဒ္ဓဟူး ၏ ဥစ်ရာသီ မှာ ကန်
ကြာသပတေး ၏ ဥစ်ရာသီ မှာ ကရကဋ် ၊
ကြာသပတေး ၏ ဥစ်ရာသီ မှာ ကရကဋ် ၊
သောကြာ ၏ ဥစ်ရာသီ မှာ မိန်
စနေ ၏ ဥစ်ရာသီ မှာ တူ ၊
စနေ ၏ ဥစ်ရာသီ မှာ တူ ၊
ရာဟု ၏ ဥစ်ရာသီ မှာ မေထုန် နှင့်
ကိတ် ၏ ဥစ်ရာသီ မှာ ဓနု ရာသီ သီးသီး ဖြစ်ကြပါသည် ။(ပုံတွင်ရှု )
(ကောင်း ၊ အောင် ၊သာ ၊ ဘယ် ၊ ညာ ၊ လက် ၊နှင့် ၊ ရေး )ကိတ် ၏ ဥစ်ရာသီ မှာ ဓနု ရာသီ သီးသီး ဖြစ်ကြပါသည် ။(ပုံတွင်ရှု )
ဟု အလွယ် မှတ်နိုင်သည်။
ြ၈ိုဟ်များနှင့် ၄င်းတို့၏ နိစ်ရာသီများ
ဥစ်၏ဆန့်ကျင်ဘက်သည် နိစ် ဖြစ်သည် ။
ြ၈ိုဟ်များနှင့် ၄င်းတို့၏ နိစ်ရာသီများ
တနင်္ဂနွေ ၏ နိစ်ရာသီ မှာ တူ ၊ တနင်္လာ ၏ နိစ်ရာသီ မှာ ဗြိစ္ဆာ
အင်္ဂါ ၏ နိစ်ရာသီမှာ ကရကဋ် ၊ ဗုဒ္ဓဟူး ၏ နိစ်ရာသီ မှာ မိန်
ကြာသပတေး ၏ နိစ်ရာသီ မှာ မကာရ ၊ သောကြာ ၏ နိစ်ရာသီ မှာ ကန်
စနေ ၏ နိစ်ရာသီ မှာ မိဿ ၊ ရာဟု ၏ နိစ်ရာသီ မှာ ဓနု နှင့်
ကိတ် ၏ နိစ်ရာသီ မှာ မေထုန် ရာသီ အသီးသီး ဖြစ်ကြပါသည် ။
(ပုံတွင်ရှု )
ကသစ် ၊ဥစ် နှင့် နိစ် ဂြိုဟ်များသည် ပုံသေဖြစ်ပါသည်။
အလွတ်မရသေးလျှင် ရာသီစက်နှင့်တိုက်ကြည့်ပါ ။
ဥပစ္စည်းအိမ်(ဥပစယ အိမ်)
လဂ် မှ ၃ တန့် ၊ ၆ တန့် ၊ ၁၀ တန့် ၊၁၁ တန့် ဘာဝ တို့ကို ဥပစ္စည်းအိမ်ဟုခေါ်၍ ၄င်းဘာဝ၏အိမ်ရှင်ြ၈ိုဟ်များကို ဥပစ္စည်းအိမ်ရှင်ဂြိုဟ်ဟုခေါ်သည် ။
ကိန်းအိမ်
လဂ်မှ ၁ တန့် ၊ ၄တန့် ၊ ၇ တန့် ၊ ၁၀ တန့် ဘာဝ များကို ကိန်းအိမ်ဟုခေါ်၍ ၄င်းဘာဝ၏အိမ်ရှင်ြ၈ိုဟ်များကို
ကိန်းအိမ်ရှင်ဂြိုဟ်ဟုခေါ်သည် ။
(မိမိဖာသာရာသီပုံဆွဲ လဂ်တပ်၍ ကိန်းအိမ်များသတ်မှတ်ကြည့်ပါ ။)
၎င်းဘာဝ (၄)ခုသည် စတုရန်းပုံဖြစ်နေပါလိမ့်မည် ။
တြိကောဏအိမ်
လဂ်မှ ၁ တန့် ၊ ၅ တန့် ၊ ၉တန့် ဘာဝ များကို တြိကောဏအိမ် ဟုခေါ်၍ ၄င်းဘာဝ၏အိမ်ရှင်ြ၈ိုဟ်များကို
တြိကောဏအိမ်ရှင်ဂြိုဟ်ဟုခေါ်သည် ။
(မိမိဖာသာရာသီပုံဆွဲ လဂ်တပ်၍ တြိကောဏအိမ်များသတ်မှတ်ကြည့်ပါ ။)
၎င်းဘာဝ (၃)ခုသည် တြိဂံပုံ ဖြစ်နေပါလိမ့်မည် ။
ဥပစ္စည်းအိမ်ရှင်၊ ကိန်းအိမ်ရှင် ၊ တြိကောဏအိမ်ရှင် ဂြိုဟ်များသည် လဂ်တည်သောရာသီအလိုက်ပြောင်းလဲနေမည်ဖြစ်သည် ။
၄၅ မိနစ်ခန့် အချိန်ပေး၍ လေ့ကျင့်လိုက်ပါ ။
ဆက်လက်ဖော်ပြပါမည်။
တြိစက္ကဇာတာကိုJagannatha Hora Software ဖြင့် (၁၀ )မိနစ်အတွင်းတွက်နိုင်ပြီ
တြိစက္ကဇာတာကို(၁၀ )မိနစ်အတွင်းတွက်နိုင်ပြီ
နက္ခတ္တဗေဒကိုဝါသနာပါသူတိုင်း Jagannatha Hora Software ဖြင့်
တြိစက္ကဇာတာကို(၁၀)မိနစ်အတွင်းတွက်နိုင်ပြီ။
- Jagannatha Hora Software .Version 8 ကို
http://www.vedicastrologer.org/jh/#download
မှာ Download လုပ် ပါ ။
Updateကိုပါ Down ပါ။ - ပြီး ရင် ကွန်ပျူတာတွင် Install လုပ်ပါ။
အကယ်၍ အထက်ပါ website တွင်download ဆွဲ၍ မရပါက အဆင့်သင့် ဆွဲပြီးသား ဤနေရာတွင်ယူပါ။
https://www.dropbox.com/s/lwrskppg8eif6bg/jh_full_install.zip?dl=0
update ကို အောက်ဘက်Link တွင်ယူပါ။
https://www.dropbox.com/s/vt1k2p2j6qg6h1w/jh_update.zip?dl=0
(လုပ်ဆောင်ရန်အလွန်လွယ်ပါသည်။)
-ပြီးလျှင် ပရိုဂရမ်ကို Open ဖွင့်ပါ ။ပုံ(၁) အတိုင်းပေါ်လာပါမယ်။
- Edit-> Birthdata ကိုclickပါ။ ပုံ(၁)အတိုင်း Edit ကို click(နှိပ်လျှင် ) ပုံ(၂)အတိုင်းပေါ်လာမည်။
- ပုံ (၂)မှာပြထားတဲ့အတိုင်း Birthdata ကို click လျှင် ပုံ(၃)အတိုင်း Enter Dialog Box ကျလာပါမည်။
အထက်ပါ Dialog Box တွင်အောက်ပါ အတိုင်း- မွေးနေ. မွေးချိန်- နှင့် မွေးဖွားရာ ဒေသ ကိုရေးသွင်း
ရပါမည်။
- မိမိ၏ Birthdate (လ၊ရက်၊နှစ်): Barthtime(မွေးချိန်) :City name (မွေးဖွားရာချက်မြှုပ်မြို့ ) တို့ကိုဖြည့်သွင်း ။
မိမိ၏မြို့ မရှိလျှင် အနီးဆုံးမြို့ ကိုယူပါ ။
- Calendar used တွင် Gregorian ကိုရွေး ။
- Barthtime ၏နောက်ဆုံးကွက်တွင် 0-24hrs ကိုရွေး။
-Gender: တွင် male(ကျား) သို့မဟုတ် female(မ) ကို ရွေး ။
-နိုင်ငံအတွက် ->USAတွင်မွေဖွားသူများအတွက် All the state in USA မှာရွေးပါ ။
-ကျန်နိုင်ငံများအတွက် All the countries (Except USA ) မှာရွေး ။
ဥပမာအနေဖြင့် ၁၉၆၀ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် ည၁၀နာရီ ၁၀မိနစ်တွင် ထားဝယ်မြို့၌ မွေးဖွားသော
ယောက်ျားတစ်ယောက်၏ ဇာတာကို တွက်ပြထားပါတယ်။ သေခြာစွာကြည့်ပါ။
- Rest of the World ကို click လိုက်ရင်.. ဟော..!!
အောက်ဘက်က အကွက်တွေ အလိုလျှောက်ဖြည့်ပြီးသားဖြစ်နေပါလိမ့်မယ် ။
ကဲ.OK ကို နှိပ် ချလိုက်တော့ ။
ရာသီဇာတာ ၊ နဝင်းဇာတာ နှင့်အတူ အသင့်တွက်ပြီးသားData များစွာ
ကိုအောက်ပါအတိုင်းတွေ့ရမယ် ။
ထွက်ပေါ်လာတဲ့ဇာတာပုံစံက ဖေါ်ပြပါပုံ(၆)အတိုင်းဖြစ်ချင်မှဖြစ်မယ်။ဘာမှစိတ်မပူနဲ့ ဆက်လုပ်ပါမယ်။
မြန်မာတို့အသုံးပြုနေကျပုံစံ ။မြန်မာတို့အသုံးများသော အိန္ဒိယ-အေ့ ရှတိုင်းပုံစံသို့ပြောင်းရမည်။
ဇာတာပုံစံကို ဒီလိုပြောင်းမယ်။
- Preference --> Related to Display --> Chart Style and Language ကို အဆင့်ဆင့်နှိပ်ပါ။
ပေါ်လာတဲ့- Language & Chart Style- Dialog Box ရဲ့ Choose the chart Style မှာ
East Indian frame ကို ရွေး ။ ကျန်တဲ့အကွက်တွေမှာ English ကိုရွေး။ OK နှိပ် ။
ဒီလိုပေါ်လာမယ်။
Preferences > Related to Calculation > Ayanamsa အတိုင်းအဆင့်ဆင့် နှိပ်ပါ။
ပုံ(၁၁) မှာကြည့်ပါ ။
-Select Ayanamsa- Dialog Box ပေါ်လာတဲ့အခါ အပြာရောင် မြားပြထားသည့်အတိုင်း နှိပ်၍
True Lahiri /Chitrapaksha ကိုရွေးပါ ။ပြီးမှ OK ကိုနှိပ်ပါ။
ပုံ(၁၂) ကိုကြည့်ပါ ။
Preferences --> Related to Calculation --> Planet Calculation Options
အတိုင်းအဆင့်ဆင့် နှိပ်ပါ။
Planet Calculation Options - Dialog Box ကျလာတဲ့အခါ....
အတိအကျ နေရာ (True Position)၊( True Node) ဖြင့် တွက်စေရန် ရွေးပေးထား လိုက်ပါ။ပုံ(၁၄) ကိုကြည့်ပါ။
OK ကို ကလစ်(နှိပ်) ပါ။
လုပ်ဆောင်ချက် အားလုံးပြီးပါပြီ။
အသင့်တွက်ပြီး ၊ ရာသီ(Rasi) ၊ နဝင်း (Navamsa) ၊ ဘာဝ(House) နှင့်တကွ
ဒသာ(Dasa) ၊ ယုဂ် (Yogas ) ၊ ဂြိုဟ်စီး ဂြိုဟ်မြင် (Transits) ....စသည်Data
များစွာကိုစုံလင်စွာအောက်ပါအတိုင်းတွေ့ရမည်။
File -> Print Preview အတိုင်းဖွင့်ကြည့်ပါ ။ စာမျက်နှာ(၁၁) မျက်နှာရပါမည် ။
ရော ... Print လိုက်တော့ ။
ဤဇာတာပါ အတိုချုပ်စကားလုံးများ၏အဓိပ္ပာယ်များ
As=Ascendent=Lagna=လဂ္ဂဏ=လဂ် (မြန်မာဇာတာတွင် “ လ ” ဟုရေးသည်)
Su=Sun =တနင်္ဂနွေဂြိုဟ် (မြန်မာဇာတာတွင် “ ၁ ” ဟုရေးသည်)
Mo=Moon=တနင်္လဂြိုဟ်(မြန်မာဇာတာတွင် “ ၂ ” ဟုရေးသည်)
Ma=Mars=အင်္ဂါဂြိုဟ် (မြန်မာဇာတာတွင် “ ၃ ” ဟုရေးသည်)
Me=Mercury=ဗုဒ္ဓဟူးဂြိုဟ်(မြန်မာဇာတာတွင် “ ၄ ” ဟုရေးသည်)
Ju=Jupiter=ကြာသပတေးဂြိုဟ်(မြန်မာဇာတာတွင် “ ၅ ” ဟုရေးသည်)
Ve=Venus=သောကြာဂြိုဟ်(မြန်မာဇာတာတွင် “ ၆ ” ဟုရေးသည်)
Sa=Satum=စနေဂြိုဟ်(မြန်မာဇာတာတွင် “ ၀ ” ဟုရေးသည်)
Ra=Rahu=ရာဟုဂြိုဟ်(မြန်မာဇာတာတွင် “ ၈ ” ဟုရေးသည်)
Ke=Ketu=ကိတ်ဂြိုဟ်(မြန်မာဇာတာတွင် “ ၉ ” ဟုရေးသည်)
ဝါသနာရှင်တို့ ဒီလောက်ဆို အဆင်ပြေကြမယ်ထင်ပါရဲ့။
အားလုံးအဆင်ပြေကြပါစေ ။ ကဲ ကွန်ပျူတာဖြင့်ဇာတာဖွဲ့ပေးသည်။ ဟုအိမ်ရှေ့မှာ ဆိုင်းဘုတ်ချိတ်လိုက်တော့ ။ ။
နက္ခတ္တဗေဒကိုဝါသနာပါသူတိုင်း Jagannatha Hora Software ဖြင့်
တြိစက္ကဇာတာကို(၁၀)မိနစ်အတွင်းတွက်နိုင်ပြီ။
- Jagannatha Hora Software .Version 8 ကို
http://www.vedicastrologer.org/jh/#download
မှာ Download လုပ် ပါ ။
Updateကိုပါ Down ပါ။ - ပြီး ရင် ကွန်ပျူတာတွင် Install လုပ်ပါ။
အကယ်၍ အထက်ပါ website တွင်download ဆွဲ၍ မရပါက အဆင့်သင့် ဆွဲပြီးသား ဤနေရာတွင်ယူပါ။
https://www.dropbox.com/s/lwrskppg8eif6bg/jh_full_install.zip?dl=0
update ကို အောက်ဘက်Link တွင်ယူပါ။
https://www.dropbox.com/s/vt1k2p2j6qg6h1w/jh_update.zip?dl=0
(လုပ်ဆောင်ရန်အလွန်လွယ်ပါသည်။)
-ပြီးလျှင် ပရိုဂရမ်ကို Open ဖွင့်ပါ ။ပုံ(၁) အတိုင်းပေါ်လာပါမယ်။
- Edit-> Birthdata ကိုclickပါ။ ပုံ(၁)အတိုင်း Edit ကို click(နှိပ်လျှင် ) ပုံ(၂)အတိုင်းပေါ်လာမည်။
![]() |
ပုံ(၁) |
![]() |
ပုံ(၂) |
![]() |
ပုံ(၃) |
ရပါမည်။
- မိမိ၏ Birthdate (လ၊ရက်၊နှစ်): Barthtime(မွေးချိန်) :City name (မွေးဖွားရာချက်မြှုပ်မြို့ ) တို့ကိုဖြည့်သွင်း ။
မိမိ၏မြို့ မရှိလျှင် အနီးဆုံးမြို့ ကိုယူပါ ။
- Calendar used တွင် Gregorian ကိုရွေး ။
- Barthtime ၏နောက်ဆုံးကွက်တွင် 0-24hrs ကိုရွေး။
-Gender: တွင် male(ကျား) သို့မဟုတ် female(မ) ကို ရွေး ။
-နိုင်ငံအတွက် ->USAတွင်မွေဖွားသူများအတွက် All the state in USA မှာရွေးပါ ။
-ကျန်နိုင်ငံများအတွက် All the countries (Except USA ) မှာရွေး ။
![]() |
ပုံ(၄) ဇာတိနိုင်ငံရွေးနည်း |
ဥပမာအနေဖြင့် ၁၉၆၀ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် ည၁၀နာရီ ၁၀မိနစ်တွင် ထားဝယ်မြို့၌ မွေးဖွားသော
ယောက်ျားတစ်ယောက်၏ ဇာတာကို တွက်ပြထားပါတယ်။ သေခြာစွာကြည့်ပါ။
![]() |
ပုံ(၅) |
အောက်ဘက်က အကွက်တွေ အလိုလျှောက်ဖြည့်ပြီးသားဖြစ်နေပါလိမ့်မယ် ။
ကဲ.OK ကို နှိပ် ချလိုက်တော့ ။
ရာသီဇာတာ ၊ နဝင်းဇာတာ နှင့်အတူ အသင့်တွက်ပြီးသားData များစွာ
ကိုအောက်ပါအတိုင်းတွေ့ရမယ် ။
![]() |
ပုံ(၆) |
မြန်မာတို့အသုံးပြုနေကျပုံစံ ။မြန်မာတို့အသုံးများသော အိန္ဒိယ-အေ့ ရှတိုင်းပုံစံသို့ပြောင်းရမည်။
ဇာတာပုံစံကို ဒီလိုပြောင်းမယ်။
- Preference --> Related to Display --> Chart Style and Language ကို အဆင့်ဆင့်နှိပ်ပါ။
![]() |
ပုံ(၇) |
![]() |
ပုံ(၈) East Indian frameရွေးပုံ |
East Indian frame ကို ရွေး ။ ကျန်တဲ့အကွက်တွေမှာ English ကိုရွေး။ OK နှိပ် ။
![]() |
ပုံ(၉) |
![]() |
ပုံ(၁၀) |
အာယာန အံသာ သို့ပြောင်းခြင်း
လာဟီရိ ဂြိုဟ်သွား ပြက္ခဒိန်မှ အာယာန အံသာ ကို အသုံးပြု တွက်ချက် စေရန် အတွက်Preferences > Related to Calculation > Ayanamsa အတိုင်းအဆင့်ဆင့် နှိပ်ပါ။
ပုံ(၁၁) မှာကြည့်ပါ ။
![]() |
ပုံ(၁၁) |
True Lahiri /Chitrapaksha ကိုရွေးပါ ။ပြီးမှ OK ကိုနှိပ်ပါ။
ပုံ(၁၂) ကိုကြည့်ပါ ။
![]() |
ပုံ(၁၂) |
- ဆက်၍- ရာဟုနှင့် ကိတ်တို့ကို တွက်ချက်ရန်-
![]() |
ပုံ(၁၃) |
Planet Calculation Options - Dialog Box ကျလာတဲ့အခါ....
အတိအကျ နေရာ (True Position)၊( True Node) ဖြင့် တွက်စေရန် ရွေးပေးထား လိုက်ပါ။ပုံ(၁၄) ကိုကြည့်ပါ။
OK ကို ကလစ်(နှိပ်) ပါ။
လုပ်ဆောင်ချက် အားလုံးပြီးပါပြီ။
အသင့်တွက်ပြီး ၊ ရာသီ(Rasi) ၊ နဝင်း (Navamsa) ၊ ဘာဝ(House) နှင့်တကွ
ဒသာ(Dasa) ၊ ယုဂ် (Yogas ) ၊ ဂြိုဟ်စီး ဂြိုဟ်မြင် (Transits) ....စသည်Data
များစွာကိုစုံလင်စွာအောက်ပါအတိုင်းတွေ့ရမည်။
File -> Print Preview အတိုင်းဖွင့်ကြည့်ပါ ။ စာမျက်နှာ(၁၁) မျက်နှာရပါမည် ။
ရော ... Print လိုက်တော့ ။
ဤဇာတာပါ အတိုချုပ်စကားလုံးများ၏အဓိပ္ပာယ်များ
As=Ascendent=Lagna=လဂ္ဂဏ=လဂ် (မြန်မာဇာတာတွင် “ လ ” ဟုရေးသည်)
Su=Sun =တနင်္ဂနွေဂြိုဟ် (မြန်မာဇာတာတွင် “ ၁ ” ဟုရေးသည်)
Mo=Moon=တနင်္လဂြိုဟ်(မြန်မာဇာတာတွင် “ ၂ ” ဟုရေးသည်)
Ma=Mars=အင်္ဂါဂြိုဟ် (မြန်မာဇာတာတွင် “ ၃ ” ဟုရေးသည်)
Me=Mercury=ဗုဒ္ဓဟူးဂြိုဟ်(မြန်မာဇာတာတွင် “ ၄ ” ဟုရေးသည်)
Ju=Jupiter=ကြာသပတေးဂြိုဟ်(မြန်မာဇာတာတွင် “ ၅ ” ဟုရေးသည်)
Ve=Venus=သောကြာဂြိုဟ်(မြန်မာဇာတာတွင် “ ၆ ” ဟုရေးသည်)
Sa=Satum=စနေဂြိုဟ်(မြန်မာဇာတာတွင် “ ၀ ” ဟုရေးသည်)
Ra=Rahu=ရာဟုဂြိုဟ်(မြန်မာဇာတာတွင် “ ၈ ” ဟုရေးသည်)
Ke=Ketu=ကိတ်ဂြိုဟ်(မြန်မာဇာတာတွင် “ ၉ ” ဟုရေးသည်)
ဝါသနာရှင်တို့ ဒီလောက်ဆို အဆင်ပြေကြမယ်ထင်ပါရဲ့။
အားလုံးအဆင်ပြေကြပါစေ ။ ကဲ ကွန်ပျူတာဖြင့်ဇာတာဖွဲ့ပေးသည်။ ဟုအိမ်ရှေ့မှာ ဆိုင်းဘုတ်ချိတ်လိုက်တော့ ။ ။
အညွန့်ကိုချိုးလျှင်အခက်လက်ဝေစည်တတ်သော
သံယောဇဉ်ချစ်ခြင်းများစွာဖြင့်
ဆရာမင်း(ထားဝယ်)
၁၈-၁-၂၀၁၁အင်္ဂဝိဇ္ဇာဗေဒင်ပညာ (မှတ်စု ၁)
အင်္ဂဝိဇ္ဇာဗေဒင်ပညာ
အင်္ဂ၀ိဇ္ဇာ
ကျမ်းရင်းလင်္ကာကြီး (ဆရာတော်ကြီး ခင်ကြီးဖျော်)
(၁) အင်္ဂ၀ိဇ္ဇာ နည်းကျယ်စွာကို၊သေချာမှတ်စွဲ ကောက်ယူခွဲသော်….
(၂) အိုင်ထဲမြရွှေငွေ ၊ ကြံပါလူ့အသွေ ၊
ဆင်ရန်သူနဲ့ဝေး ၊လေသဲကျွန်းဆောင်မြူး
ပျော်ကြူးဧလှည့်နိုင် သာလှိုင်ဆင်ကြလန်း
၊နန်းအောင်ရွှေမြို့သာ ။
(၃) လိုရာဂြိုဟ်ရင်းကပ် ၊ဓာတ်မှန်ကိုထုတ် ၊
မိတ်လည်းအုပ် ၊ဓာတ်ထုတ်မိတ်ကိုစီး၊မိတ်ကြီးဓာတ်ကိုမံ။
(၆) သူရဇ္ဖက စ၍စဉ်စီ ရှစ်ခါညီ ရှစ်လီဂြိုဟ်ပေါင်းပြ
ရာသီဆယ့်နှစ်ဝ သင်္ချာယူ၍ဆ။
(၇) အောင်လံတေဇ၊သကျမှီအုံး ၊နန္ဒိသေနထုံး။
(၈) ၀ိကလျာ၊၀ိဇ္ဖာနေယျ၊အညမည၊ခါနိစ္စ၊ ထိကြဓာတ်ပစ္စည်း။
(၉) အညမညံ ၊မဆက်ဆံ၊ပိတ္တံဝိဧက။
(၁၀) သူ့ကိုနိုင်လို ဆကိုခို လိုရာဆေးဖေါ်သုံး။
(၁၁) ထန်းအုန်းဂျုတ်ဇီး၊ ၀ါမုံသီး၊
ဆေးကြီးသန္နိဌာ၊နိုင်ရာဓာတ်နှင့်သတ်။
(၁၂) တောင်သူအမှတ် လုပ်ရပ်ကိန်းချူ ၊ဓာတ်တူ နံတူ
၊ဆေးကိုယူ။
(၁၃) ကက်ကင်းသေရှင်သူ၊ ထက်အောက်ပြန်လှန်ကူ၊နံတူသတ်ကအသေရ။
(၁၄) နံလွဲကြမူ အရှင်ယူ ဟောသူမှီခိုရုံ။
(၁၅) ဂဠုန်ပုန်းခိုက်၊ပုတ်သင်မိုက်၊ကိုက်လေ ၂
ပါးသေ။
(၁၆) ခြင်္သေံ့ဟောက်ဟန် ဆင်ဝှေ့ပြန် ရုပ်နာမ်နှစ်ပါး
ကံကတ္တားခြား၍ ထက်အောက်သာ။
(၁၇) ကတ္တားရှိရာ ကံမလာနှင့် နာမ်မှာထက်ပေ
ရုပ်လယ်နေ၊မဇ္စျေကံဟုမှတ် ကတ္တားအောက်ဂြိုဟ်
မြဲမှတ်ဆို။
(၁၈) မိတ်လိုပြန်ရာ ၊ဥသာစိန်ပန်း၊ ဒန်းလှကိုရှာ ။
(၁၉) ခိုက်ရန်မှာကား ဓမ္မသောက အင်းဝရာဇာ
မယှဉ်ရာတည်း။
(၂၀) ဓာတ်လာသဘော အန္တောဂဗ္ဘေ စရေ၀ံသေ။
(၂၁) ဦးဝေစံကူး ၊ ရေဗူးတောသူ၊ ရန်မူလည်းဆို၊
ဦးညိုခေမာ၊ သုတဝေရီ၊ရန်မှီမြဲရှောင်။
(၂၂) အောင်ပကုလား၊ ဆွေသားနောင်ရင်း၊
မိတ်သွင်းပြီးခါ၊ဆောင်သင့်ရာ၏။
(၂၃) ဆောင်ရာသင့်လျှင်၊သံယောဇဉ်ကိုမယှဉ်စေရာ။
(၂၄) မီးမှာကားမြေ၊ ရေနှင့်လေ၊
မိတ်ဆွေမစပ်၊ပိဋိကတ်။
(၂၅)
မီးဓာတ်နှင့်လေ၊မြေနှင့်ရေ၊မိတ်ဆွေတော်ကြ၊သဟာယ။
(၂၆) လမ်းပြစဉ်သာ၊ရှောင်ကြဉ်ခွာ၊ဝေးစွာသူရဇ္ဇ။
(၂၇) သစ်ဆိမ့်ပန်းရ၊သူရဇ္ဇ၊နေထကောင်းကြွယ်ရန်။
(၂၈) ဝေးသူပင်ပြန်ရ၊နီးလွယ်အောင်ကြံဆ။
(၂၉)
မင်းကုသကိုဆောင်မှကောင်းလင့်ရာ၊စေတိယကိုရှောင်မှ ကြောင်းသင့်စွာ။
(၃၀) အောက်မှာနင်းကြမ်း၊ထက်ဆောင်ပန်း၊
တခန်းယူမှီးကြ။
(၃၁) က-င
ငါးမှာ၊စန္ဒြာ၊သီလာမြေဓာတ်ဖို၊ရှမ်းအငန်ဟုဆို။
(၃၃) စ-ည ဘောမ ၊ပဉ္စာစ၊လေမြေဓာတ်ဖိုရ၊တလိုင်း အခါးပ။
(၃၄) ဋ-န သောရီ ၊ဤဆယ်လီ၊မီးတောက်ဓာတ်မ၊ကုလားအချဉ်ရ။
(၃၅) ယ-ရ
နှစ်ခု၊ရာဟုလေမုန်တိုင်း၊အရိုင်းဓာတ်မ၊ယိုးဒယားအဖန်ရ။
(၃၆) လ-၀ နှစ်ဦး
၊ဗုဒ္ဓဟူးဓာတ်ဖို၊ရေသီတာဟုဆို၊မျိုးကိုကတူး၊ရောနှောပူး။
(၃၇) သုံးဦး သ- ဟ- ဠ၊သောကြာရေငန်ပ၊ဓာတ်မသက်ကသည်း
ကြိုက်လည်းချိုသာ။
(၃၈) အ-အာ သရ ရှစ်ဌာန၊သူရဇ္ဇ နေ့စွဲ၊
မီးခဲဓာတ်ဖို၊ဂျွန်းအစပ်ဟုဆို။
(၃၉) ဟောလိုကြပြန်၊
ဆေးပေးရန်၊လုပ်ရပ်အကြံ၊သိဒ္ဓိနှံ၊စစ်ထိုးခိုက်ရန်၊ရှုံးနိုင်တန်၊ယတြာရုပ်နာမ်
ကျိန်းခြေပြန်၊အင်းမူစီမံ၊ဂြိုဟ်လင့်ကြံ၍၊ဂဏန်းမှန်ပြ၊ကောက်ယူဆလော့။
(၄၀) အညမညံ စိတ်ဝေဖန် ၀ိဇ္ဇာမယံ ဇော်ဂျီပျံ
ရသေ့ရှင်မွန် လောကီဈာန် ခေမာအမတံ ပြည်နိဗ္ဗာန်
ရောက်လိမ့်ဧကန် မဂ်အလွန်ဖိုလ်မွန်ရလွယ်ကြိုး
တိုး၍သာကြံကြစေလေကုန်။ ။
( ကျမ်းရင်းလင်္ကာကြီးပြီး၏)
ရှင်းလင်းချက်
အမှတ်(၁၈) ၊(၂၀) ၊(၂၂) နှင့် (၃) တို့
ကိုအရကျက်လိုက်ပါ။ဤအချက်များမှ အမှတ်(၂)ဖြစ်လာတာပါ။
ဥပမာ။ ။အမှတ်(၃)မှ……
လိုရာဂြိုဟ်ရင်းကပ်……..လိုရာဂြိုဟ်ရင်း သည် ၁နွေ
ဆိုပါစို့ ။ (အိုင်)
ဓာတ်မှန်ကိုထုတ်……….၁နွေ ၏ ဓာတ်သည် 0နေ ဖြစ်သည် ။
(ထဲ) အန္တော
မိတ်လည်းအုပ်…………. ၁နွေ ၏ မိတ်သည် ၅တေး ဖြစ်သည်။
(မြ) အောင်ပ
ဓာတ်ထုတ်မိတ်ကိုစီး……0နေ ၏ မိတ်သည် ၄ဟူး ဖြစ်သည် ။
(ရွှေ) တော်ရင်း
မိတ်ကြီးဓာတ်ကိုမံ……….၅တေး ၏ ဓာတ်သည် ၂လာ ဖြစ်သည် ။
(ငွေ) ဂဗ္ဘေ
လိုရာဂြိုဟ်ရင်းကပ်……..လိုရာဂြိုဟ်ရင်း သည် ၂လာ
ဆိုပါစို့ ။ (ကြံ)
ဓာတ်မှန်ကိုထုတ်……….၂လာ ၏ ဓာတ်သည် ၅တေး ဖြစ်သည် ။
(ပါ) ဂဗ္ဘေ
မိတ်လည်းအုပ်…………. ၂လာ ၏ မိတ်သည် ၄ဟူး ဖြစ်သည်။
(လူ့) ကုလား
ဓာတ်ထုတ်မိတ်ကိုစီး……၅တေး ၏ မိတ်သည် ၁နွေ ဖြစ်သည် ။
(အ) အောင်ပ
မိတ်ကြီးဓာတ်ကိုမံ……….၄ဟူး ၏ ဓာတ်သည် ၆ကြာ ဖြစ်သည်
။ (သွေ) ၀ံသေ
ထိုနည်းတူစွာ……ဆင်(၃ဂါ) ၊ရန်(၄ဟူး) ၊သူ(၆ကြာ)
၊နဲ့(0နေ) ၊ဝေး (၄ဟူး) ။……စသည်ဖြင့် ကြံဆယူပါ။
အင်္ဂ၀ိဇ္ဇာတိုင်များ နှင့်ပတ်သက်၍ အမှတ်(၅)နှင့်(၆)ကို နားလည်ရမည်။
အမှတ်(၅)မှ သူရဇ္ဖ နှင့်
သောကြထက်အောက် ခရားဇောက် ဆိုသည်မှာ ……..
ဆပွတ်လင်္ကာဖြစ်သော………..
သူရဇ္ဇ(၁နွေ) ၊ သောကြ (၆ကြာ ) ၊ ဗုဒ္ဓ (၄ဟူး) ၊ စနြေ္ဒာ (၂လာ) ၊ သောရီ (၀နေ) ၊ ဂုရု (၅တေး) ၊ ဘောမ(၃ဂါ)ကိုဆိုလိုပါသည်။
အထက်ပါလင်္ကကာကို ကရွတ်ကင်းလျှောက် ကျက်မှတ်ပါ။
အောက်ပါအတိုင်းလည်းအလွယ်မှတ်နိုင်သည်။
တ ပည့် စာ အံ သီ လ ခံ၊ ( ၀နေ ၅တေး ၃ဂါ ၁နွေ ၆ကြာ
၎ဟူး ၂လာ )
ခရားဇောက် ဆိုသည်မှာ အလယ်မှအစပြု၍ အပေါ်တစ်လုံး
အောက်တစ်လုံးချရသောတိုင်
ကိုဆိုလိုသည်။
၅ ပည့်
|
ဂုရု
|
၂ ခံ
|
စနြေ္ဒာ
|
၆ သီ
|
သောကြ
|
အစ ၁
အံ
|
သူရဇ္ဖ
|
၎ လ
|
ဗုဒ္ဓ
|
ဝ တ
|
သောရီ
|
၃ စာ
|
ဘောမ
|
ဤနည်းဖြင့် တိုင်(၇)တိုင်သည် အောက်ပါအတိုင်းဖြစ်လာသည်။
၁နွေတိုင်
|
၂လာတိုင်
|
၃ဂါတိုင်
|
၎ဟူးတိုင်
|
၅တေးတိုင်
|
၆ကြာတိုင်
|
ဝနေတိုင်
|
၅
|
၆
|
ဝ
|
၁
|
၂
|
၃
|
၎
|
၂
|
၃
|
၎
|
၅
|
၆
|
ဝ
|
၁
|
၆
|
ဝ
|
၁
|
၂
|
၃
|
၎
|
၅
|
၁
|
၂
|
၃
|
၎
|
၅
|
၆
|
ဝ
|
၎
|
၅
|
၆
|
ဝ
|
၁
|
၂
|
၃
|
ဝ
|
၁
|
၂
|
၃
|
၎
|
၅
|
၆
|
၃
|
၎
|
၅
|
၆
|
ဝ
|
၁
|
၂
|
တိုင်ထူတတ်ပြီဆိုရင်.. လင်္ကာအမှတ်(၂)
နှင့် (၄) ကို ပြန်ကောက်မယ်။
အမှတ်(၂) မှ အိုင်
ထဲ မြ ရွှေ ငွေ……………….နန်း အောင် ရွှေ မြို့ သာ
တို့သည် အမှတ်(၄)မှ
ငါးတန်မဆွတိုင်မူလနှင့်………..စဉ်ကာထားမှ။နှင့်အောက်ပါအတိုင်းဆက်စပ်နေပြန်သည်။
၅
|
၎
|
၂
|
၁
|
၆
|
၂
|
၁
|
၆
|
၅
|
၃
|
၆
|
၅
|
၃
|
၂
|
ဝ
|
၁ အိုင်
|
ဝ ထဲ
|
၅ မြ
|
၎ ရွှေ
|
၂ ငွေ
|
၎
|
၃
|
၁
|
ဝ
|
၅
|
ဝ
|
၆
|
၎
|
၃
|
၁
|
၃
|
၂
|
ဝ
|
၆
|
၎
|
(မူလ) (သက်သေ)
(နိမိတ်) (ဟေတု)
(လက္ခဏာ)
၆
|
၂
|
၁
|
၅
|
၃
|
၃
|
၆
|
၅
|
၂
|
ဝ
|
ဝ
|
၃
|
၂
|
၆
|
၎
|
၂ ကြံ
|
၅ ပါ
|
၎ လူ့
|
၁ အ
|
၆ သွေ
|
၅
|
၁
|
ဝ
|
၎
|
၂
|
၁
|
၎
|
၃
|
ဝ
|
၅
|
၎
|
ဝ
|
၆
|
၃
|
၁
|
(မူလ) (သက်သေ)
(နိမိတ်) (ဟေတု)
(လက္ခဏာ)
ဝ
|
၁
|
၃
|
၎
|
၁
|
၎
|
၅
|
ဝ
|
၁
|
၅
|
၁
|
၂
|
၎
|
၅
|
၂
|
၃ ဆင်
|
၎ ရန်
|
၆ သူ
|
ဝ နဲ့
|
၎ ဝေး
|
၆
|
ဝ
|
၂
|
၃
|
ဝ
|
၂
|
၃
|
၅
|
၆
|
၃
|
၅
|
၆
|
၁
|
၂
|
၆
|
(မူလ) (သက်သေ)
(နိမိတ်) (ဟေတု)
(လက္ခဏာ)
၁
|
၃
|
၆
|
ဝ
|
၂
|
၅
|
ဝ
|
၃
|
၎
|
၆
|
၂
|
၎
|
ဝ
|
၁
|
၃
|
၎ လေ
|
၆ သဲ
|
၂ ကျွန်း
|
၃ ဆောင်
|
၅ မြူး
|
ဝ
|
၂
|
၅
|
၆
|
၁
|
၃
|
၅
|
၁
|
၂
|
၎
|
၆
|
၁
|
၎
|
၅
|
ဝ
|
၂
|
၆
|
၅
|
၁
|
၎
|
၆
|
၃
|
၂
|
၅
|
၁
|
၃
|
ဝ
|
၆
|
၂
|
၅
|
၅ ပျော်
|
၂ ကြူး
|
၁ ဧ
|
၎ လှည့်
|
ဝ နိုင်
|
၁
|
၅
|
၎
|
ဝ
|
၃
|
၎
|
၁
|
ဝ
|
၃
|
၆
|
ဝ
|
၎
|
၃
|
၆
|
၂
|
(မူလ) (သက်သေ) (နိမိတ်) (ဟေတု) (လက္ခဏာ)
၃
|
၁
|
ဝ
|
၆
|
၁
|
ဝ
|
၅
|
၎
|
၃
|
၅
|
၎
|
၂
|
၁
|
ဝ
|
၂
|
၆ သာ
|
၎ လှိုင်
|
၃ ဆင်
|
၂ ကြ
|
၎ လန်း
|
၂
|
ဝ
|
၆
|
၅
|
ဝ
|
၅
|
၃
|
၂
|
၁
|
၃
|
၁
|
၆
|
၅
|
၎
|
၆
|
၎
|
၅
|
၁
|
၂
|
၃
|
၁
|
၂
|
၅
|
၆
|
ဝ
|
၅
|
၆
|
၂
|
၃
|
၎
|
ဝ နန်း
|
၁ အောင်
|
၎ ရွှေ
|
၅ မြို့
|
၆ သာ
|
၃
|
၎
|
ဝ
|
၁
|
၂
|
၆
|
ဝ
|
၃
|
၎
|
၅
|
၂
|
၃
|
၆
|
ဝ
|
၁
|
ဤသို့ဆိုလျှင်
ကျမ်းရင်းလင်္ကာအမှတ်(၁)၊(၂)၊(၃)၊(၄)၊(၅) တို့ကို နားလည်သဘောပေါက်ကြမည်ထင်ပါသည်။
နေ့ ၊ အချိန် ၊ အခါ ၊ အယူအဆများ
နေ့
။ ။ နေ့ တွင်
တနင်္ဂနွေ၊တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ၊စနေ
ဟူ၍(၇)နေ့သာရှိသည်။ ရာဟုနေ့ဟူ၍မရှိပါ။
အချိန် ။ ။
ကျမ်းရင်းလင်္ကာအမှတ်(၆)၏အဆိုအရ သူရဇ္ဖက စ၍စဉ်စီ ရှစ်ခါညီ
ရှစ်လီဂြိုဟ်ပေါင်းပြ
ရာသီဆယ့်နှစ်ဝ
သင်္ချာယူ၍ဆ။ ဆိုသည့်အတိုင်း နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ
နေ့(၁၂)နာရီကို တစ်ချိန်လျှင် ၁ နာရီ ၃၀ မိနစ် စီထား၍ ရှစ်ချိန်ပိုင်းခြားမည်။
ထိုနည်းအတူ ည(၁၂)နာရီကိုလည်း ၈ ချိန် ပိုင်းခြားမည်။
အခါ
။ ။ သူရဇ္ဖက စ၍စဉ်စီ
ဆိုသည့်အတိုင်း သူရဇ္ဇ ၊သောကြ ၊ဗုဒ္ဓ ၊ စနြေ္ဒာ၊ သောရီ ၊ဂုရု၊ဘောမ
အချိန်
|
၆း၀၀
၇း၃၀
|
၇း၃၀
၉း၀၀
|
၉း၀၀
၁၀း၃၀
|
၁၀း၃၀
၁၂း၀၀
|
၁၂း၀၀
၁၃း၃၀
|
၁၃း၃၀
၁၅း၀၀
|
၁၅း၀၀
၁၆း၃၀
|
၁၆း၃၀
၁၈း၀၀
|
အခါ
|
ပခါ
|
ဒုခါ
|
တခါ
|
စတုခါ
|
ပဉ္စခါ
|
ဆဌခါ
|
သတ္တခါ
|
အဌခါ
|
တနင်္ဂနွေ
|
၁
|
၆
|
၎
|
၂
|
ဝ
|
၅
|
၃
|
၁
|
တနင်္လာ
|
၂
|
ဝ
|
၅
|
၃
|
၁
|
၆
|
၎
|
၂
|
အင်္ဂါ
|
၃
|
၁
|
၆
|
၎
|
၂
|
ဝ
|
၅
|
၃
|
ဗုဒ္ဓဟူး
|
၎
|
၂
|
ဝ
|
၅
|
၃
|
၁
|
၆
|
၎
|
ကြာသပတေး
|
၅
|
၃
|
၁
|
၆
|
၎
|
၂
|
ဝ
|
၅
|
သောကြာ
|
၆
|
၎
|
၂
|
ဝ
|
၅
|
၃
|
၁
|
၆
|
စနေ
|
ဝ
|
၅
|
၃
|
၁
|
၆
|
၎
|
၂
|
ဝ
|
(တ ပည့် စာ အံ သီ လ ခံ ) လင်္ကာ ဖြင့်လည်း မှတ်သားနိုင်ပါသည်။
ဇယားရှင်းလင်းချက်
တနင်္ဂနွေနေ့
နံနက် ၆ နာရီ မှ ၇ နာရီ ၃၀ မိနစ် အထိ
ပထမခါ သူရဇ္ဇ ၁နွေအခါ (အံ)
နံနက် ၁၀ နာရီ ၃၀မိနစ် မှ မွန်းတည့်၁၂ နာရီ အထိ စတုတ္ထခါ စနြေ္ဒာ ၂
လာအခါ (ခံ)
မွန်းလွဲ ၃ နာရီ မှ ၄ နာရီ ၃၀ မိနစ်အထိ
သတ္တမခါ ဘောမ ၃ ဂါ အခါ (စာ)
စသည်ဖြင့် ကျန်နေ့များတွင်လည်း ဤသို့ယူဆပါ။
အခါတစ်ခု (၉၀
မိနစ်)ကို အခါ ခွဲ(၅)ပိုင်း ခွဲခြင်း
ဤနည်းသည် ဆရာကြီးဦးကြည် မှရသော နည်းဖြစ်သည်။
(၉၀မိနစ်)စီ ပိုင်းထားသော
အခါတစ်ခုစီကို (၁၈ မိနစ်)စီထား၍ အခါခွဲ (၅)ပိုင်း ထပ်မံပိုင်းမည်။
တနင်္ဂနွေ(သူရဇ္ဇ) အခါ ၏
အခါခွဲ(၅)ပိုင်း
၁နွေ(သူရဇ္ဇ)အခါ၏ပထမ၁၈မိနစ်ကို၁နွေအခါခွဲမှစ၍၂လာ၊ ၃ဂါ၊ ၄ဟူး၊ ၅တေး ဟူ၍
အစဉ်လိုက်အောက်ပါအတိုင်းခွဲသည်။
(ပ-၁၈မိနစ်)
|
(ဒု-၁၈မိနစ်)
|
တ၁၈မိနစ်)
|
(စတု-၁၈မိနစ်)
|
(ပဉ္စ၁၈မိနစ်)
|
|
၁နွေ(သူရဇ္ဇ)အခါ
|
၁ နွေ
|
၂လာ
|
၃ဂါ
|
၎ဟူး
|
၅တေး
|
ထိုနည်းတူစွာ
၂လာ(
စနြေ္ဒာ)အခါကို ၂လာ၊ ၃ဂါ ၊ ၄ဟူး ၊၅တေး ၊ ၆ကြာ
၃ဂါ(
ဘောမ)အခါကို ၃ဂါ ၊ ၄ဟူး ၊ ၅တေး ၊
၆ကြာ၊၀နေ
၎ဟူး(ဗုဒ္ဓ)
အခါကို ၄ဟူး ၊
၅တေး ၊ ၆ကြာ၊၀နေ၊ ၁နွေ
၅တေး(ဂုရု)အခါကို
၅တေး ၊ ၆ကြာ၊၀နေ၊ ၁နွေ ၊၂လာ
၆ကြာ (သောကြ)အခါကို ၆ကြာ ၊၀နေ၊
၁နွေ ၊ ၂လာ ၊ ၃ဂါ
ဝနေ(သောရီ)အခါကို
ဝနေ၊ ၁နွေ ၊ ၂လာ ၊ ၃ဂါ ၊ ၄ဟူး
ဟူ၍ အခါခွဲတစ်ခုကို၁၈မိနစ်စီပိုင်းဖြတ်မည်။
အင်္ဂဝိဇ္ဇာဗေဒင်ပညာဖြင့်တွက်ချက်၍
ဟောပြောမည်ဆိုလျှင် အဓိကကျဆုံးမှာ အခါပိုင်းခြင်းပင်ဖြစ်သည်။အခါမှားလျှင်
မှန်ကန်သောအဖြေကိုမည်သို့မျှမရနိုင်။
ထိုကြောင့်လည်း အချိန်
အခါပိုင်းခြင်းကို အခြေခံမှအစ ကျမ်းရင်းလင်္ကာကို
အာစရိယမူများနှင့်ပေါင်းစပ်၍
တင်ပြပေးပြီးဖြစ်ပါသည်။
ကျွန်ုပ်သည် အင်္ဂ၀ိဇ္ဇာကျမ်းအမျိုးမျိုးကို
လက်လှမ်းမီသလောက် ဖတ်ရှု လေ့လာ မှတ်သားတွေးဆခဲ့ရသည်မှာ အချိန်များစွာပေးဆပ်ခဲ့ရ၏။
လက်ထပ်သင်ဆရာမရှိသောကြောင့် စိတ်ပျက်ကာ
အင်္ဂ၀ိဇ္ဇာပညာကိုနှစ်များစွာ
ပစ်ထားပြီးကာမှ၊၁၉၉၉-၁၉၉၀ ခုနှစ်တွင် ဆရာဦးမောင်မောင်သန်း(ရင်ကိုအေးမြရစေသား)၏
အင်္ဂ၀ိဇ္ဇာအဟောပညာသင်ခန်းစာ များကို နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှပြန်လည်လေ့လာခွင့်ရ၏။ သို့သော်
အထဗ္ဗဏဗေဒင်(မဟာကာလဗေဒင်)ပညာကိုအသုံးပြုမည်ဆိုလျှင်အခါတစ်ခုသည်
၁၈မိနစ်ထက်ပိုမိုအသေးစိပ်ရန်လိုအပ်မည်ဟု
ကျွန်ုပ်စိတ်ထဲ၌ အလိုလိုသိနေသလိုဖြစ်မိ၏ ။
အဘယ်ကြောင့်ဆိုသော်ဤအချိန်ကကျွန်ုပ်သည်ဆန္ဒဂဏန်း၁မှ၂၄၉အထိတွင်နှစ်သက်ရာ
ဂဏန်းတစ်လုံးကို
တောင်းဆို၍ နက္ခတ်ခွဲပေါင်း၂၄၉ ခုမှ ရာသီခွင်ချ၍တွက်ရသော
ဆရာကြီးKP၏ဟူးရားနက္ခတ္တဗေဒကို သင်ကြားတတ်မြောက်ပြီးဖြစ်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ဆရာတော်
ခင်ကြီးဖျော်၏ ကျမ်းရင်းလင်္ကာကိုပြန်လည်ဖတ်ရှု၍ နက်ရှိုင်းစွာ
တွေးခေါ်ကြည့်မိသည်။
“သူရဇ္ဖက စ၍စဉ်စီ ရှစ်ခါညီ
ရှစ်လီဂြိုဟ်ပေါင်းပြ ရာသီဆယ့်နှစ်ဝ သင်္ချာယူ၍ဆ။”
နေ့၁၂နာရီကို
အခါတစ်ခုအတွက် ၁နာရီ၃၀မိနစ်(၉၀မိနစ်) စီ ညီမျှပိုင်းလျှင် ၈ ခါရ၏ ။
ဤအထိ“သူရဇ္ဖက စ၍စဉ်စီ
ရှစ်ခါညီ” ဆိုသည်နှင့် ကိုက်ညီနေသော်လည်း ………..
“ရှစ်လီဂြိုဟ်ပေါင်းပြ”
ဟုဆိုရာတွင်မူ အခါခွဲတစ်ခုကို ၁၈မိနစ် စီဖြင့် အခါတစ်ခု(၉၀မိနစ်)ကို
အခါခွဲ ၅
ခုသာပိုင်းနိုင်သဖြင့် ငါးလီသာပေါင်းနိုင်သေး၏ ။ရှစ်လီပြည့်ရန် သုံးလီ
လိုနေ၏။
လိုနေသည်ဟုသိပင်သိညား
နည်းလမ်းကိုရှာမရနိုင်ခဲ့ ။ထို့ကြောင့် ထွက်သမျှလက်လှမ်းမီသမျှ အင်္ဂဝိဇ္ဇာကျမ်းများ
ဆောင်းပါးများတွင်ရှာဖွေကြည့်၏ ။မရခဲ့ပါ။ဤသို့လမ်းစပျောက်နေချိန်…….
တစ်ချိန်က
အမှတ်မထားကျော်၍ဖတ်သွားသော“ဆရာဦးမောင်မောင်သန်း(ရင်ကိုအေးမြရစေသား)”
၏
အင်္ဂဝိဇ္ဇာအဟောပညာသင်ခန်းစာဆောင်းပါးတစ်ခုမှ “တိုင်ပြေးကလေးများ”ကို စိတ်ဝင်တစား
အာရုံစူးစိုက်လေ့လာရင်းမှတ်သားနေရင်းမှ…အိပ်ပျော်သလိုဖြစ်သွား၏။သို့သော်နားထဲတွင်မူ
ကျွန်ုပ်နှင့်ရင်းနှီးသောအသံတစ်သံကိုကြားနေရသည်
။အသံရှင်ကိုတော့မမြင်ရ ။ ဆရာအရှင်၏အသံမှန်းသိ၏။ အိမ်မက် မက်သလိုခံစားနေရသည်
။ဆရာအရှင်ပြောခဲ့သည်က
“သုံးလီများ အဆန်းလုပ် လုပ်
၆မိနစ် စီပေါ့ ။ ဆပွတ်နဲ့ဘဲ့ယူ” တဲ့ ။နောက်ပြောသွားသေးသည်
“ငါတို့မသိတာ
ဘာမှမရှိဘူးကွ ” တဲ့ ။ ပညာတစ်ခုပေးတိုင်း ဤသို့ပြောနေကျ ။
ခဏလေးသာကြာလိုက်တဲ့
အချိန်ပါ ။ ကျွန်ုပ် ပြန်နိုးလာ၏။ “တစ်ရေးနိုးသော်အကြံပေါ်”
ဆိုသည့်အတိုင်း
တိမ်မြုပ်နေသော တန်ဘိုးကြီးလှသည့်မြန်မာတို့၏ အင်္ဂဝိဇ္ဇာ ပညာရပ်၏
၆မိနစ်ကို
အခါတစ်ခုပိုင်းသောပညာခန်းကို ကျွန်ုပ်သင်ယူတတ်မြောက်ခဲ့၏ ။
ချက်ချင်းပင်
ပဉ္စဂုဏံ အဟံဝန္ဒာမိ ။ အာစရိယဂုဏံ အဟံဝန္ဒာမိ။ ဟုအသံထွက်အောင်ရွတ်၍
လက်ဆယ်ဖြာထိပ်မှာမိုးလျှက်
အနန္တငါးပါးကိုရှစ်ခိုးဖြစ်လိုက်ပါသည်။
ဆရာမင်း
Subscribe to:
Posts (Atom)