ပုံမှာအတိုင်း More ကို ကလစ်လိုက်တဲ့အခါ အောက်ပါအတိုင်းတွေ့ရပါမယ်
အဆင့်(၂) ပုံမှာပြထားသည့်အတိုင်း Blogger ကို ကလစ်ပါ ။သို့မဟုတ်
http://www.blogger.com သို့ဝင်လည်းရ၏။
အောက်ကပုံတွေအတိုင်း တစ်ဆင့်ချင်း ဆက်လုပ်သွားပါ။
Blogger ကိုကလစ်တဲ့အခါ အပေါ်ကပုံအတိုင်းမြင်ရမယ်။ ပုံပါအတိုင်း New Blog ကိုကလစ်ပါ။
အောက်ကပုံအတိုင်းတွေ့ရပါမယ်။
- Title ကွက်တွင် မိမိBlog၏ အမည်ကိုရေးပါ။ (ဥပမာ အနေဖြင့် “ ဦးအေးမင်း ၏ ဒိုင်ယာရီ” ဟုရေးပြထားပါသည်။)
- Address ကွက်တွင် မိမိblog ၏ လိပ်စာကိုရေးမည်။ မှတ်ရလွယ်သောလိပ်စာဖြစ်ပါစေ။
(ဥပမာ အနေဖြင့် - ayeminndiary.blogspot.com ဟုရေးပြထားပါသည်။)
.blogspot.com က အလိုလျောက်ထည့်သွင်းပေးပါသည်။
ခွင့်ပြုမပြု အမှန်ခြစ်အမှတ်သားဖြင့်ဖော်ပြပါသည်။
မိမိနှစ်သက်ရာ Template ကို ရွေးပြီး Create blog ကို ကလစ်မည်။
ထိုအခါ အောက်ကပုံအတိုင်းတွေ့ရမည်။
အထက်ပါပုံတွင် New Post ကို ကလစ်လိုက်သောအခါ အောက်ကပုံအတိုင်းဖြစ်လာမည်။
ခဲတံပုံစံ Create New Post (မြားဖြင့်ပြထားသည်) ကို ကလစ်လ ျှင် အောက်ကပုံအတိုင်းမြင်ရမည်။
အောက်ကပုံသည် Post တစ်ခုကိုဖန်တီးမည့် အရေးကြီးဆုံး Box တစ်ခုဖြစ်သည်။
နံပါတ်စဉ်တပ်ထားသော မြားအစီအစဉ်တိုင်းလုပ်ဆောင်ရန်။
(၁) မြားအမှတ်စဉ် 1 ( Compose ) ကို နှိပ်
(၂) မြားအမှတ်စဉ် 2 မိမိရေးမည့် ပို့စ် ခေါင်းစဉ်ရေး
(၃) မြားအမှတ်စဉ် 3 Tex area အတွင်း မိမိရေးလိုသည့်အကြောင်းအရာ၊ဓာတ်ပုံ၊ဗွီဒီယို တွေထည့်မည်။
(၄) မြားအမှတ်စဉ် 4 ပို့စ်အကြောင်းအရာ တူညီရာကိုစုဖို့ Labels တပ်။
Create New Post ၏ Menu Bar မှ မြားပြထားသော Tag များကို တစ်ခုပြီးတစ်ခုနှိပ်ကြည့်ပြီးမှတ်သားပါ။
နှိပ်ကြည့်ယုံသာနှိပ်ပါ ဘာမှမလုပ်ပါနှင့် ဦး။ Tag များကိုလေ့လာရန်သာဖြစ်ပါတယ်။
အောက်ကပုံတွေအတိုင်းပေါ်လာမည်။
- မြားအမှတ်စဉ် 1 က စာလုံးအရွယ်အစားကို သတ်မှတ်ရန်ဖြစ်သည်။
စာလုံး(Text)ကို select လုပ်ပြီး မြားအမှတ်စဉ် 1ကိုနှိပ်လိုက်လျှင်ျှင်ာက်ကအတိုင်းတွေ့ရမည်။
- မြားအမှတ်စဉ် 2 က စာလုံးကို Bold ရန်ဖြစ်သည်။
- မြားအမှတ်စဉ် 3 က စာလုံးစောင်း (Italic)
- မြားအမှတ်စဉ် 4 က စာလုံးအောက်က မျဉ်းသားရန်
- မြားအမှတ်စဉ် 5 က စာလုံးအရောင်(Text colour) ပြောင်းရန်။
စာလုံး(Text)ကို select လုပ်ပြီး မြားအမှတ်စဉ် 5 ကိုနှိပ်လိုက်လျှင်အောက်ကအတိုင်းတွေ့ရမည်။
- မြားအမှတ်စဉ်6 က စာလုံး၏နောက်ခံအရောင်(Text background colour)ပြောင်းရန်။
မြားအမှတ်စဉ် 7 က စာလုံးကို Link ချိတ်ရန် ။
စာလုံး(Text)ကို select လုပ်ပြီး မြားအမှတ်စဉ် 7 ကိုနှိပ်လိုက်လျှင် အောက်ကအတိုင်းတွေ့ရမည်။
- Web address box တွင် စာလုံးနှင့်သက်ဆိုင်သော website address ကိုရိုက်သွင်းမည်။
- Open this link in a new window ကို အမှန်ခြစ်ပြပြီး ၊ OK ကိုနှိပ်ရသည်။
- မြားအမှတ်စဉ် 8 က ဓာတ်ပုံပေါင်းထည့် ရန်ဖြစ်သည်။(Upioad image)
- ဓာတ်ပုံထည့်မည့်နေရာကို ကာဆာခ ျသတ်မှတ်ပြိး မြား အမှတ်စဉ် 8 ကို နှိပ်လိုက်လျှင် အောက်ပါအတိုင်းပေါ်လာမည်။
- Choose file ကိုနှိပ်ပြီး ကွန်ပျူတာထဲမှ မိမိထည့်လိုသည့် ဓာတ်ပုံကိုရွေးပါ။
အောက်ပါပုံအတိုင်းပေါ်လာမည်။
Upload ပြီးဆုံးတဲ့အခါ Add selected ကို နှိပ်မည်။
မြားအမှတ်စဉ် 9 က Video ထည့် ရန်ဖြစ်သည် ။
မြားအမှတ်စဉ်9 ကို နှိပ်လျှင်အောက်ပါအတိုင်းပေါ်လာမည်။
Choose a video to upload ကို နှိပ်ပြီး ကွန်ပျု တာထဲက video ကိုရွေးပြီး Select ကို နှိပ်(ကလစ်) ပါ
- မြားအမှတ်စဉ်10 က တော့ ဓာတ်ပုံနှင့် စာလုံး၊စာပိုဒ် ကို နေရာပြောင်းရန်။ညှိရန်ဖြစ်သည်။
-ဓာတ်ပုံနှင့် စာလုံး၊စာပိုဒ် ကို select လုပ်ပြီး စာမျက်နှာ ရဲ့ ဘယ်၊ညာ၊ဗဟို စသည်ဖြင့်ပြောင်းရန်။
မြားအမှတ်စဉ် 11 က မိမိတင်တဲ့ ပို့စ်အကြောင်းအရာ တူရာကို စုစည်းရန်ဖြစ်သည်။
(ဥပမာ - ကဗျာ,သတင်း, chemistry ...စသည်ဖြင့် ရေးသွင်းရမည်)
Post တစ်ခုတင်တိုင်း Label တပ်ဖို့မမေ့ပါနှင့် ။သို့မှသာ အဆင့်မြင့်Web ကိုပြန်ပြောင်းတဲ့အခါ လွယ်ကူမည်။ Label တွင်စာရိုက်သွင်းပြီးလျှင် Done ကိုနှိပ်ပါ ။
ကဲအခြေခံလေးတွေသိပြီဆိုတော့ လက်တွေ့လုပ်ကြရအောင် ။
New Post တင်ဖို့ ချစ်သူသို့ ဆိုတဲ့ ကဗျာ တစ်ပုဒ် ရေးပြီးပြီ။
Post Title မှာ ချစ်သူသို့ ကိုရေး ပြီး Lable မှာ ကဗျာ လို့ရေးပြီ။
ဓာတ်ပုံထည့်ပြီ။
ဓာတ်ပုံနဲ့ စာပိုဒ်ကို နေရာပြောင်း(ဗဟိုသို့ရွှေ့ ပြီ )
- Post စာသား ၊ ဓာတ်ပုံ နေရာရောက်ပြီဆိုရင်တော့ Publish ကို နှိပ်လိုက်တော့
Publish ကို နှိပ်လိုက်တဲ့အခါ Post တင်တာ ပြီးပါပြီ။ အင်တာနက်လိုင်းကောင်းတဲ့အခါ အောက်ကပုံ
အတိုင်း ချက်ချင်းပေါ်ပေမဲ့ လိုင်းနှေးရင်တော့ စိတ်ရှည်ရှည်ထားပြီးစောင့်နေပါ။
ကဲ Post တင်တာပြီးဆုံးပါပြီ။ မိမိblog ပုံစံကိုကြည့်ဖို့ View blog ကို အထက်ပါပုံအတိုင်း နှိပ်လိုက်တဲ့အခါ..........
ဟော ...“ဦးအေးမင်း ၏ ဒိုင်ယာရီ ” ဆိုတဲ့ Blog တစ်ခု လှလှပပ ပေါ်ထွက်လာတာ တွေ့မြင်ရပါပြိ။
ဤတွင် အခြေခံ Blog တည်ဆောက်ခြင်းပြီးပါပြီ ။
Blog ကို ပို၍ လှပလာအောင် လာကြည့်ရှုသူတို့ စိတ်ဝင်စားဖွယ်ဖြစ်အောင်တန်ဆာဆင်ခြင်းသင်ခန်းစာကို
ဆက်လက်ဖော်ပြပါမည်။
အားလုံးအဆင်ပြေကြပါစေ။
မေတ္တာဖြင့် - ဦးအေးမင်း(အောင်မြေ)
၃ - ၃ - ၂၀၁၆ ကြာသပတေးနေ့ 10:57 PM