အရင်ကထက်ပိုမိုသေသပ်စွာ ဖန်တီးပေးထားပါတယ်။ ကြည့်ရှုရလွယ်ကူစေရန်....
နံနက် ၆နာရီမှ ၉နာရီထိ ၊
နံနက် ၉နာရီမှ မွန်းတည့်၁၂နာရီထိ ၊
မွန်းတည့်၁၂နာရီမှ ညနေ ၃နာရီအထိ၊
ညနေ ၃နာရီမှ ၆နာရီအထိ လေးပိုင်းခွဲပေးထားပါတယ်။
၆မိနစ်အခါခွဲဇယား
Friday, August 9, 2013
Tuesday, August 6, 2013
လက်တွေ့အသုံးချ အင်္ဂ၀ိဇ္ဇာဗေဒင်ပညာ။သင်ခန်းစာ(၁)
လက်တွေ့အသုံးချ အင်္ဂ၀ိဇ္ဇာဗေဒင်ပညာ
အင်္ဂ၀ိဇ္ဇာဗေဒင်ပညာရပ်၏ မှတ်စုများကိုသာဖတ်နေရသဖြင့် စာဖတ်သူတို့ပျင်းနေရော့မည်။
ဒါကြောင့် လက်တွေ့အသုံးပြုတဲ့အပိုင်းကို သင်ခန်းစာအနေနဲ့ တင်ပြပေးပါမည်။
မှတ်စု(၁)နှင့်(၂) ကိုအထိကြေညက်စွာလေ့လာပြီးပါက။အခါပိုင်းပုံကိုလည်း
တတ်ပြီဆိုလျှင်...အကယ်၍အခါပိုင်းတာ မကျွမ်းကျင်သေးလျှင် ဇယားကိုအသုံးပြုပါ။
---------------------------------------------------------------------------------------
ကျမ်းစာ+အာစရိယ၀ါဒ တို့ပေါင်းစပ်ပြီး ဆရာစားမချန်သင်ပြပေးပါမည်။
- တွက်ချိန်ကိုသာမူတည်ယူ
(၁)ပြဿနာ မေးလာသူမှ မေးခွန်း ထုတ်လိုက်၍ မိမိစတင်တွက်လိုက်သည့်အချိန်၏အခါကိုသာမူတည်ယူ၍တွက်ချက်ဆုံးဖြတ်ရပါမည်။
(၂) အကယ်၍..ပြဿနာ တစ်ခု၏အမေးကို နောက်တစ်ရက်၊နှစ်ရက်ကြာပြီးမှ တွက်ချက်အဖြေထုတ်မည်။မေးသည့်အချိန်နှင့်မဆိုင်တော့။
ဆိုလျှင်လည်း၊၄င်းတွက်သည့်အချိန်၏ အခါဖြင့်သာ ဆုံးဖြတ်ပြုရပါမည်။
--------------------------------------------------------------------------------------------
လောလောဆယ် - ၁နွေ ၊ ၂ လာ ၊ ၃ဂါ ၊၄ဟူး ၊ ၅တေး ၊ ၆ကြာ ၊၀နေ တို့၏ ဆပွတ်ခရားဇောက်တိုင်ထူပုံကို ကျမ်းရင်းအတိုင်း
အင်္ဂဝိဇ္ဇာဗေဒင်ပညာ (မှတ်စု ၁) မှာပြန်ဖတ်ပါ။
အခါတိုင်များကို..စတုရန်းလင်္ကာ “အောင် ၊ လံ ၊ ထူ ၊ စစ် ၊ သူ ၊ ကြီး ၊ ပွဲ ” ဖြင့် အောက်ပါအတိုင်းလည်းတွက်နိုင်ပါသည်။
အချာမှစ၍ အောက်ဘက်ကို ၃ လုံး၊အပေါ်ဘက်ကို ၃ လုံး “အောင် ၊ လံ ၊ ထူ ၊ စစ် ၊ သူ ၊ ကြီး ၊ ပွဲ ”ကို ကရွတ်ခွေလျှောက်နည်းဖြင့်ချပါ။
ဤနည်းဖြင့် တိုင်(၇)တိုင်သည် အောက်ပါအတိုင်းဖြစ်လာသည်။
၁နွေတိုင် ၂လာတိုင် ၃ဂါတိုင် ၄ဟူးတိုင် ၅တေးတိုင် ၆ကြာတိုင် ၀နေတိုင်
၅ ပွဲ ၆ သူ ၀ ထူ ၁ အောင် ၂ ကြီး ၃စစ် ၄လံ
၂ ကြီး ၃စစ် ၄ လံ ၅ ပွဲ ၆သူ ၀ထူ ၁အောင်
၆ သူ ၀ ထူ ၁ အောင် ၂ ကြီး ၃စစ် ၄ လံ ၅ပွဲ
_______ ______ _______ ______ _____ ________ ________
၁ အောင် ၂ ကြီး ၃ စစ် ၄ လံ ၅ပွဲ ၆သူ ၀ ထူ အချာ
_______ _______ _______ ______ ______ ________ __________
၎ လံ ၅ ပွဲ ၆သူ ၀ ထူ ၁အောင် ၂ ကြီး ၃စစ်
ဝ ထူ ၁အောင် ၂ ကြီး ၃စစ် ၄လံ ၅ ပွဲ ၆သူ
၃ စစ် ၄လံ ၅ပွဲ ၆သူ ၀ထူ ၁အောင် ၂ကြီး
ဤသို့ ..သင်ခန်းစာများပြန်လေ့လာပြီးပြီဆိုတော့....ကဲ စကြရအောင်...
ပြီးခဲ့သော မှတ်စု များတွင် ဂြိုဟ်တို့၏ ပရိယာယ် များမပါသေးဘဲ နေ့နံနှင့် ကိန်းဂဏန်းများသာလျှင်
ပါဝင်ပေရာ ..ယခု လောလောဆယ် နေ့နံနှင့် ကိန်းဂဏန်းများဟောထုတ်သော သင်ခန်းစာကို
လက်တွေ့ လုပ်ကြရအောင်။
--------------------------------------------------------------------------------
အပျော်တမ်း စပြီ..အချိန် နာရီကြည့်ပါ။ အင်္ဂါနေ့ ညနေ ၄နာရီ ဆိုပါစို့။
ဇယားကိုကြည့်ပါ==>> အင်္ဂါနေ့ ညနေ ၃နာရီ မှ ညနေ ၄း၃၀ အထိ မူလအခါ= ၅တေးအခါ
အင်္ဂါနေ့ ညနေ၃း၅၄နာရီ မှ ညနေ ၄း၀၀နာရီ အထိ= ၁နွေ ဘုတ္တိအခါ
ညနေ ၄း၀၀နာရီ မှ ညနေ ၄း၀၆ နာရီအထိ = ၆ကြာ ဘုတ္တိအခါ မှာကျရောက်ပါတယ်။
ညနေ ၄နာရီ မှာ စတွက်မယ်ဆိုတော့ ညနေ ၄း၀၀နာရီ မှ ညနေ ၄း၀၆ နာရီအထိကို ယူပြီး ၆ကြာ ဘုတ္တိအခါ ကိုယူရပါမယ်။
၆ ကြာအခါတိုင်ထူလိုက်ပါ။“သာ ၊ လှိုင် ၊ ဆင် ၊ ကြ ၊ လန်း ” ဆိုသော
“(မူလ) (သက်သေ) (နိမိတ်) (ဟေတု) (လက္ခဏာ)” တိုင်၅တိုင်ထူရပါမည်။
ဤတိုင် ၅တိုင်မှ ဟောထုတ်ရမည်။
သို့သော် (မူလ) ၊ (နိမိတ်) ၊ (လက္ခဏ) တိုင် ၃တိုင်ဖြင့် ဟောပြောလျှင်လုံလောက်ပါသည်။
ဒါကြောင့် (မူလ) ၊ (နိမိတ်) ၊ (လက္ခဏ) သုံးတိုင်ထူပါမည်။
မူလ နိမိတ် လက္ခဏ
၃ ၀ ၁
ဝ ၄ ၅
၎ ၁ ၂
____ __________ ________
၆ ၃ ၎
____ __________ ________
၂ ၆ ဝ
၅ ၂ ၃
၁ ၅ ၆
သင့်နံဘေးရှိ နီးစပ်ရာစာအုပ်ထူထူကို လှန်ကြည့်ပါ။ သို့မဟုတ် အံစာတုံး ၂လုံးကို လှိမ့်ကြည့်ပါ။
ထူးဆန်းစွာ တိုင်ထိပ် ဂဏန်းများပေါ်ထွက်လာသည်ကို အံ့သြစွာမြင်တွေ့ရပါမည်။
ကဲ ဥာဏ်ရှိသလို ချဲ့ထွင်သုံးတော့။(၆မိနစ်အတွင်းသာ)
မွေးနေ့ ဟောနည်း။
---------------------
ဤအခါတွင် ဗေဒင်လာမေးသည် ဆိုပါစို့။
တိုင်ထိပ်တွင် (၃ ) (၀) (၁) ရှိနေတာကြောင့်
မေးသူသည်... အင်္ဂါ (သို့မဟုတ်) စနေသားသမီးဖြစ်ရမည်။
သို့မဟုတ် အင်္ဂါနံ(စ၊ဆ၊ဇ၊ဈ၊ည)ပါဝင်သောအမည်ရှင်။
သို့မဟုတ် စနေနံ (တ၊ထ၊ဓ၊ဒ၊န၊ဋ၊ဌ၊ဍ၊ဏ)ပါဝင်သောအမည်ရှင်ဖြစ်ရမည်။
ဟု ဟောထုတ်ပါလေ။
ဤနည်းအတိုင်း အခြားအချိန်၊အခါ များကိုလည်း လက်တွေ့ စမ်းသပ်ကြည့်ပါ။
***အထူးသတိပြုရန် >> တွက်ချက်မှုအားလုံး ၆မိနစ်အတွင်းအပြီးတွက်ရမည်။
-------------------------------------------------------------------------
ဂြိုလ်တို့၏ပရိယာယ် ကို သိရှိကျွမ်းကျင်မှ သာလျှင် ကောင်းမွန်စွာ ဟောပြောနိုင်မည်
ဖြစ်၍ နောက်သင်ခန်းစာတွင် ဂြိုလ်တို့၏ပရိယာယ်မှတ်စုကို တင်ပြပေးပါမည်။
=======================================
ယခုဖော်ပြသော လက်တွေ့သင်ခန်းစာသည်..အခြေခံရှိသူတို့အတွက်မူ တန်ဘိုးမဖြတ်နိုင်သော
ပညာခန်းပင်ဖြစ်ပေတော့သည်။
လိုအင်ဆန္ဒပြည့်ကြပါစေ
မေတ္တာဖြင့် ဦးအေးမင်း(ဆရာမင်း)
Labels:
အင်္ဂ၀ိဇ္ဇာဗေဒင်သင်ခန်းစာ,
အင်္ဂဝိဇ္ဇာဗေဒင်ပညာ
Monday, August 5, 2013
ကောဇာဂြိုဟ်စီး၊ဂြိုလ်မြင် လက်တွေ့သုတေသနကျမ်း
![]() |
ဒေါက်တာဗိုလ်လေး |
ဤစာအုပ်တွင်..ဘာသာရေးကျင်ကြံမှု၊ပညာရေး၊စီးပွားရေးအောင်မြင်ချိန်။ကျဆင်းချိန်။ထီပေါက်ချိန်
ရာထူးအတက်အကျ စသည်တို့ကို ကောဇာဂြိုဟ်စီြး၈ိုဟ်မြင်နှင့်အတူ
ဝိသောတ္ထရီဒသာနှင့်တွဲဖက်ဟောပြောနည်းများပါဝင်သည်။
ယက္ကန်းစင်တောင်ဆရာတော်ဘုရား၊လယ်တီဆရာတော်ဘုရား၊ကန္နီရွှေသိမ်တောရဆရာတော်၊
ဆ ရာတော်ဦးဝိစိတ္တသာရာဘိဝံသ၊ကုန်းဘောင်မင်းဆက်များ၊ဗိုလ်ချုပ်အောင်ဆန်းစတို့နှင့်အတူ
မြန်မာနိုင်ငံ၏ ဘာသာရေး၊နိုင်ငံရေး၊စီးပွားရေးတို့၌ အထင်ကရပုဂ္ဂိုလ်များ၏ ဇာတာများကိုဥပမာပေး၍
ဖော်ပြထားသော စာအုပ်ဖြစ်ပေရာ၊ဗေဒင်ပညာကို နားမလည်သော်မှ ရာဇ၀င်၊သမိုင်းဗဟုသုတရမည်ဖြစ်သည်။
Link- issuu.com/lwintmaungmaung/docs/transit__dr_bo_lay__?e=8960352/4313176
Labels:
စာကြည့်တိုက်,
နက္ခတ္တဗေဒ,
ဗေဒင်စာအုပ်
နက္ခတ္တဗေဒအခြေခံ ( ၂ )
နက္ခတ္တဗေဒအခြေခံ ( ၂ )

ဂြိုဟ်ပူး ၊ ဂြိုဟ်မြင် နှင့် ဂြိုဟ်သမ္ဗန္ဓ
ဂြိုဟ်ပူး (၁) ယေဘုယျအားဖြင့်လဂ်အပါအဝင် ဂြိုဟ်နှစ်လုံးသို့မဟုတ် နှစ်လုံးထက်ပိုသော ဂြိုဟ်များ
ရာသီဇာတာ၌ တစ်ရာသီတည်းတွင်အတူတကွရှိကြလျှင် ယင်းတို့ကို ပူးသည်ဟု ဆိုနိုင်ပါသည်။
(၂) အတိအကျ ဆိုရလျှင် လဂ်အပါအဝင် ဂြိုဟ်နှစ်လုံးသို့မဟုတ် နှစ်လုံးထက်ပိုသော
ဂြိုဟ်များတစ်ရာသီတည်းတွင်အတူတကွရှိကြ၍ ၄င်းတို့၏ အံသာခြားနားချက်မှာ ၈ အံသာ
(တချို့ဆရာများက ၁၀ အံသာ ) အတွင်းရှိမှ ၄င်းတို့ကို ပူးသည်ခေါ်သည်။
( မည်သို့ဆိုစေဂြိုဟ်တို့သည်တစ်လုံးနှင့်တစ်လုံးအံသာနီးလေပေူးပေါင်းမှုအားကောင်းလေလေဖြစ်သည်။)
(၃) လဂ်အပါအဝင် ဂြိုဟ်နှစ်လုံးသို့မဟုတ် နှစ်လုံးထက်ပိုသော
ဂြိုဟ်များသည်ရာသီဇာတာ၊နဝင်းဇာတာနှစ်ခုစလုံးတွင်
တစ်ရာသီတည်း၌ အတူတကွရှိကြလျှင် ပူးပေါင်းမှု အားကောင်းဆုံးဖြစ်သည် ။
ဂြိုဟ်မြင်
ဤနေရာတွင် မြင်မှုအားနည်းသော ၁ပါဒ် ၊ ၂ပါဒ် ၊ ၃ပါဒ် အမြင်များကို ချန်လှပ်၍ မြင်မှုအားကောင်းသော ရာနှုန်းပြည့် ၄ ပါဒ် အမြင်ကိုသာ ဖော်ပြပါမည် ။
တနင်္ဂနွေ မှ စနေ ဂြိုဟ် အထိ ဂြိုဟ်(၇)လုံးသည် ၁၂ရာသီစက်ဝန်းကို လက်ဝဲရစ် လှည့်ပတ်ကြသည်။ ထို့ကြောင့်ဂြိုဟ်အမြင် တန့်ကိုရေတွက်လျှင် ၄င်းတို့ရပ်တည်သောရာသီအိမ်မှစတင်၍ လက်ဝဲရစ်အတိုင်း ၁တန့် ၊ ၂တန့် စသည်ဖြင့် ရေတွက်ရပါမည် ။
(က) တနင်္ဂနွေ မှ စနေ အထိ ဂြိုဟ် (၇)လုံးသည် မိမိရပ်တည်သည့်ရာသီမှ (၇)တန့်ဘာဝ(သမသတ်ရာသီ) ကိုလည်းကောင်း၊ ၄င်းရာသီ၌ ရပ်တည်သော ဂြိုဟ်များနှင့် လဂ်ကိုသော်လည်းကောင်း (၄) ပါဒ်ပြည့် အမြင်ဖြင့် မြင်ကြလေသည် ။
(ခ) အင်္ဂါဂြိုဟ်သည် (၄)တန့်ဘာဝ နှင့် (၈)တန့်ဘာဝ တို့ကိုလည်းကောင်း ၊ ၄င်းဘာဝ၌ ရပ်တည်သော လဂ် နှင့် ဂြိုဟ်များကိုလည်းကောင်း (၄)ပါဒ် အမြင်ဖြင့် အထူးမြင်၏ ။
(ဂ) ကြာသပတေးဂြိုဟ်သည် (၅)တန့်ဘာဝ နှင့် (၉)တန့်ဘာဝ တို့ကိုလည်းကောင်း ၊ ၄င်းဘာဝ၌ ရပ်တည်သော လဂ် နှင့် ဂြိုဟ်များကိုလည်းကောင်း (၄)ပါဒ် အမြင်ဖြင့် အထူးမြင်၏။
(ဃ) စနေဂြိုဟ်သည် (၃)တန့်ဘာဝ နှင့် (၁၀)တန့်ဘာဝ တို့ကိုလည်းကောင်း ၊ ၄င်းဘာဝ၌ ရပ်တည်သော လဂ် နှင့် ဂြိုဟ်များကိုလည်းကောင်း (၄)ပါဒ် အမြင်ဖြင့် အထူးမြင်၏။
ဂြိုဟ်တို့၏ အမြင်ကင်းသော ဘာဝတို့ မှာ ၁တန့် ၊ ၂ တန့် ၊ ၆ တန့် ၊ ၁၁ တန့် နှင့် ၁၂ တန့် တို့ဖြစ်ပါသည် ဂြိုဟ်အမြင်များကို မှတ်မိလွယ်စေရန် အောက်ပါဇယား ကို ကြည့်ပါ ။
(င) ရာဟု ဂြိုဟ်သည် ၁၂ရာသီစက်ဝန်းကို လက်ယာရစ် လှည့်ပတ်သည်။
ထို့ကြောင့် ရာဟုဂြိုဟ်၏ဂြိုဟ်အမြင် တန့်ကိုရေတွက်လျှင်
၎င်းရပ်တည်သောရာသီအိမ်မှစတင်၍ လက်ယာရစ်အတိုင်း ၁တန့် ၊ ၂တန့်
စသည်ဖြင့် ရေတွက်ရပါမည် ။
ရာဟုဂြိုဟ်သည် ၅တန့် ၊ ၇တန့် ၊ ၉တန့် ၊ ၁၂တန့် ဘာဝတို့ကိုလည်းကောင်း ၊
၎င်းဘာဝတို့တွင်ရပ်တည်သော လဂ်နှင့်တကွ ဂြိုဟ်တို့ ကိုလည်းကောင်း (၄)ပါဒ်မြင်၏ ။
ဂြိုဟ်ပူးထက် ဂြိုဟ်မြင်က ပို၍ အားကောင်းပါသည်။
(၁)နာရီ ခန့် အချိန်ပေး၍ လေ့ကျင့်လိုက်ပါ ။
PC Mechanic(ZAW LIN-YOUTH)
Subscribe to:
Posts (Atom)